အဆီဖုထွက်လို့ဆိုပြီး စိတ်ညစ်နေမယ့်အစား ဘာကြောင့်ထွက်လဲဆိုတာကို သိအောင်လုပ်ဖို့ လိုပါတယ်။ အကြောင်းအရင်းသိမှ ဆင်ခြင်လို့ရမှာ၊ ပြင်ဆင်လို့ရမှာပါ။

ဒါကြောင့် အဆီဖုထွက်ရခြင်းရဲ့ အဓိကအကြောင်းအရင်း ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ အဆီကထွက်ပြီဆိုရင် မျက်နှာအပြင် ရင်ဘတ်၊ ကျော၊ ပုခုံးနဲ့ လက်မောင်းမှာ ထွက်ပါတယ်။ များသောအားဖြင့်တော့ မျက်နှာနဲ့ ကျောမှာ ထွက်ပါတယ်။

Stress တွေများနေရင်

Stress တွေများရင် အဆီဖုတွေ အများကြီး ပြုံပြီးထွက်လာတတ်ပါတယ်။ အိပ်ရေးတွေပျက်ပြီး stress တွေများတဲ့အခါမှာ အဆီဖုနဲ့ ဝက်ခြံတွေ ထွက်လာတာ သဘာဝပါပဲ။ အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းရင်လည်း ထွက်ပါတယ်။ ဒါကြောင့် stress တွေလျော့အောင် တရားထိုင်၊ ယောဂကျင့်တာမျိုး လုပ်ကြည့်ပါ။

ဟော်မုန်းအပြောင်းအလဲ

ဟော်မုန်းအပြောင်းအလဲကြောင့်လည်း အဆီဖုတွေ ထွက်တတ်ပါတယ်။ မိန်းကလေးတွေဆို menstruation လာတဲ့အချိန်၊ လာခါနီးမှာ ဝက်ခြံထွက်သလို အဆီဖုလည်း ထွက်တတ်ပါတယ်။

Skincare ကြောင့်

ကိုယ်သုံးတဲ့ skincare က အဆီအရမ်းများရင် အဆီနဲ့ ချွေးပေါက်ပိတ်ပြီး အဆီဖုတွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။ Skincare ကို လိုတာထက်ပိုပြီး အများကြီးသုံးတာ၊ အစုံလျှောက်သုံးတာတွေကြောင့်လည်း အခန့်မသင့်ရင် ဝက်ခြံနဲ့ အဆီဖုတွေ ပြုံပြီး ထွက်လာတတ်ပါတယ်။ ဒါကြောင့် သူများကောင်းတယ်ပြောတိုင်း အစုံလျှောက်မသုံးပဲ ကိုယ့်အသားအရေနဲ့ အဆင်ပြေတာကိုပဲ သေချာစွဲသုံးပါ။

Lifestyle

ကိုယ့်ရဲ့ မှားယွင်းတဲ့ lifestyle ကြောင့်လည်း အဆီဖုနဲ့ ဝက်ခြံတွေ ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အိပ်ရေးပျက်တာတွေကြောင့် အဆီဖုထွက်သလို မိတ်ကပ်လိမ်းပြီး သေချာမဖျက်တာတွေ၊ မျက်နှာအသားအရေကို သေချာဂရုမစိုက်တာ၊ ခေါင်းအုံးစွပ်

ပုံမှန်မလဲပေးတာတွေကြောင့်လည်း အဆီဖုထွက်ပါတယ်။ ရေချိုးတဲ့အခါ ဆပ်ပြာမပြောင်တာ၊ ချွေးအရမ်းထွက်ပြီး အဝတ်အစား သေချာမလဲတာတွေကြောင့် ကျောမှာ အဆီဖုတွေ ထွက်လေ့ရှိပါတယ်။