ငယ်ရွယ်နုပျိုမှုဆိုတာ လူတိုင်း လိုချင်ကြတဲ့အရာပါ။ သင်လည်း ငယ်ရွယ်နုပျိုတဲ့အလှတရားကို လိုချင်တဲ့သူဆိုရင် မနက်ပိုင်းမှာ လုပ်ရိုးလုပ်စဉ်လေးခုကို လုပ်ပေးပါ။ သင့်ယုံကြည်မှုကို မြှင့်တင်ပေးပြီး တစ်နေ့တာလုံး နုပျိုလန်းဆန်းနေစေဖို့ ကူညီပေးပါလိမ့်မယ်။
ရေဓာတ်
ရေဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့ အဓိကသော့ချက်ပါ။ ဒါပေမယ့် မနက်ခင်းမှာ ရေသောက်တာက ပိုနုပျိုပြီး တောက်ပတဲ့အသွင်အပြင်ကိုရဖို့ အထောက်အကူပြုပါတယ်။ ရေများများသောက်တာက အသားအရေကို ရေဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး ပိုမိုနုပျိုပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။
Facial Massage
နေ့တိုင်း မျက်နှာကို နှိပ်နယ်ပေးတာက အသားအရေကို နုပျိုလန်းဆန်းနေစေဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။ သွေးလည်ပတ်မှုကို တိုးစေပြီး ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အရေးအကြောင်းများကို လျှော့ချပေးပါတယ်။
Sunscreen
နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်ကို ကြာရှည်စွာ ထိတွေ့တာက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းများကို ဖြစ်စေနိုင်ပါတယ်။ SPF 30 နှင့်အထက်ရှိတဲ့ Sunscreen ကို နေ့စဉ်အသုံးပြုပေးရင် အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာများကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
Antioxidant-Rich Products
Antioxidant ကြွယ်ဝတဲ့ ထုတ်ကုန်တွေကို သုံးပေးတာက အသားအရေကို လန်းဆန်းစေပြီး နုပျိုမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို တိုက်ဖျက်ဖို့ အစွမ်းထက်ပါဝင်ပစည်းများပါဝင်တဲ့ Serum နဲ့ Cream ကို နံနက်တိုင်း လိမ်းပေးပါ။