ကေပေါ့လောကမှာဆိုရင် သူတို့ရဲ့သီချင်းဖျော်ဖြေမှုနဲ့ လိုက်ဖက်အောင်လို့ ဆံပင်အတုတွေ အသုံးပြုကြတာက မကြာခဏဆိုသလို တွေ့ရနိုင်ပါတယ်။ ဒီလိုမျိုး ဆံပင်အတု အသုံးပြုရာမှာ လိုက်လားမလိုက်လား သေချာမကြည့်ဘဲ ဖြစ်သလို အသုံးပြုလိုက်မယ်ဆိုရင်လည်း တော်တော်လေး ဝေဖန်ခံရပြန်ပါတယ်။

ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမယ့် ကေပေါ့အိုင်ဒေါလေးဦးကတော့ သူတို့ရဲ့ဆံပင်အစစ်တွေ ဆိုပြီး ပရိသတ်တွေ အထင်မှားရလောက်တဲ့အထိကို သေချာလှည့်စားနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ကြမယ်နော်။

1. IVE’s Jang Wonyoung

IVE အဖွဲ့ရဲ့ “Either Way” comeback မှာ Jang Wonyoung တစ်ယောက် Blonde ဆံပင်အရောင်နဲ့ ပရိသတ်ရှေ့ကို ပေါ်လာချိန်မှာ တော်တော်လေး ဟော့သွားပါသေးတယ်။ Debut လုပ်ချိန်ကစပြီး Blonde မဆိုးခဲ့ဖူးတဲ့ သူမတစ်ယောက် ပြောင်းလဲပြီလားဆိုပြီး တွေးနေကြချိန်မှာ အယ်လ်ဘမ်နောက်ကွယ်က ဗီဒီယိုတွေထွက်လာချိန်မှာတော့ ဆံပင်အနက်ပဲရှိနေပြီး အတုစွပ်ထားတယ်ဆိုတာကို သိခဲ့ကြတာပါ။

2. VIXX’s N

VIXX အဖွဲ့ရဲ့ “ETERNITY” ပရိုမိုးရှင်းအချိန်တွေတုန်းက N တစ်ယောက် Blonde အရောင်နဲ့ အရမ်းလိုက်တယ်ဆိုပြီး ဖန်တွေက တော်တော်လေး သဘောကျခဲ့ကြပါတယ်။ ပရိုမိုးရှင်းတစ်လျှောက်လုံးလည်း အတုစွပ်ထားတယ်ဆိုတာကို သဘောမပေါက်ခဲ့ကြဘဲ သူ့ပါးစပ်က ထုတ်ပြောမှသာ အတုမှန်း သိခဲ့ကြရတာပါ။

3. NewJeans’ Hanni

NewJeans အဖွဲ့ဝင် Hanni တစ်ယောက် အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ချိန်မှာ သူမရဲ့ Blonde အရောင်နဲ့ Hime ဆံပင်စတိုင်နဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားကို ပြန်လာချိန်မှာတော့ သူမရဲ့ နဂိုဆံပင်အရောင် အနက်နဲ့ပဲ ပြန်လာခဲ့လို့ အဲ့တော့မှ အတုဆိုတာ သိခဲ့ကြတာဖြစ်ပါတယ်။

4. 2PM’s Junho

2PM အဖွဲ့ဝင် Junho ကတော့ လေးယောက်မြောက်အိုင်ဒေါပါ။ “GO CRAZY!” သီချင်းအချိန်တုန်းက ခရမ်းရောင်ဆံပင်နဲ့ လန်းခဲ့တဲ့ Junho ဟာ ဆံပင်အတုစွပ်ထားတာမှန်း ပရိသတ်တွေမိသွားစေခဲ့တာကတော့ အောက်ကနေ ဆံပင်အနက်ထွက်နေချိန် အသာလေး ပြန်ပြင်လိုက်တာကို မြင်လိုက်လို့ဖြစ်ပါတယ်။