Song Kang ကိုကြိုက်တဲ့သူတိုင်း ကြည့်သင့်တဲ့ K-Drama (၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။ အကုန်ကြည့်ပြီးသားဖြစ်နေရင်တောင်မှ ထွက်ထားတာကြာနေတဲ့ Drama တွေဆိုရင် အပျင်းပြေပြန်ကြည့်လို့ရတာပေါ့။

Love Alarm

တော်တော်များများက Song Kang ကို Love Alarm မှာစပြီး သိခဲ့ကြပြီး စကြွေခဲ့ကြတာဖြစ်ပါတယ်။ ဒီ Drama လေးက Song Kang ရဲ့ ပထမဆုံးသော Main Role နေရာကနေ ပါဝင်ခဲ့ရတဲ့ Drama ပါ။ ဒါကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။ ကြည့်ပြီးသားဆိုရင်လည်း 2019 ထဲက ထွက်ထားတာဖြစ်လို့ အခုချိန်ပြန်ကြည့်ရင် အပျင်းပြေစေပါတယ်။ Love Alarm 1 ကိုကြည့်ပြီးရင် 2021 မှာထွက်ထားတဲ့ Love Alarm 2 ကို ဆက်ကြည့်ဖို့မမေ့နဲ့နော်။

Sweet Home

Horror Drama တွေကြိုက်တယ်ဆိုရင် Song Kang ရဲ့ 2020 မှာထွက်ရှိထားတဲ့ Sweet Home ကိုလည်း ကြည့်ဖို့မမေ့ပါနဲ့။ ကြည့်ပြီးတဲ့သူတွေအတွက် သတင်းကောင်းကတော့ ဒီ 2022 ထဲမှာ Sweet Home 2 ထွက်ရှိမှာ ဖြစ်ပါတယ်။

Nevertheless

Nabi ကားလို့ပြောလိုက်ရင်တော့ မသိတဲ့သူမရှိသလောက်ပဲ ဖြစ်မှာပါ။ Song Kang ကိုကြိုက်ရင် 2021 မှာထွက်ထားတဲ့ Nevertheless ကို ကြည့်သင့်ပါတယ်။ ဒီ Drama ထဲမှာ အရင်ထက်ပိုချောပြီး အရမ်းကိုဆွဲဆောင်မှုရှိတာကို မြင်တွေ့ရမှာပါ။ တချို့ဆိုရင် Love Alarm တုန်းက Song Kang မကြိုက်ပဲ Nevertheless မှာမှ ကြိုက်သွားကြတဲ့သူတွေတောင် ရှိပါသေးတယ်။

Forecasting Love and Weather

Song Kang ကိုကြိုက်ရင်တော့ အခုလက်ရှိပြသနေတဲ့ Forecasting Love and Weather ကို ကြည့်ဖြစ်အောင်ကြည့်ပါ။ အသစ်ဆက်ဆက် Drama လေးဖြစ်သလို ဇာတ်လမ်းကောင်းလေးလည်း ဖြစ်တာကြောင့် Must Watch ပါပဲ။