ယောကျာ်းလေးတွေက ဒီမေးခွန်းတွေကို ဖြေဖို့ စိတ်မရှည်သလို သင်က သူတို့ အဖြေကို သိရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို သူတို့ ဖြေရမှာ လုံးဝမကြိုက်ကြပါဘူး။ သင်က သူနဲ့ မတွဲခင်တည်းက ဒီလို မေးခွန်းတွေ မေးလိုက်ရင်တော့ အခြေအနေကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမေးခွန်းတွေကို ရှောင်ပေးပါနော်-

၁။ ငါဝလား


ဒီမေးခွန်းတွေက သူတို့ ဆီက အဖြေမှန်ရဖို့ မလွယ်ပါဘူး။ သူက သာ တကယ်လို့ မဝဘူးပြောလိုက်ရင် သင်က ဒါကို လိမ်နေတယ်လို့ ထင်သွားနိုင်ပါတယ်။ ယောကျာ်းလေးတွေက ဒါကို ဘယ်လိုဖြေရမလဲ မသိကြပါဘူး။ ယောကျာ်းလေးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဒီမေးခွန်းကို မေးလိုက်ခြင်းက သင့်ကိုယ်သင် ယုံကြည်မှုမရှိဘူး လုံခြုံမှုမရှိဘူးလို့ ထင်သွားစေနိုင်ပါတယ်။

၂။ နင့်ရည်းစားဟောင်းက ဘယ်လိုပုံစံမျိုးလဲ


ပထမဆုံး သင်က ဒီမေးခွန်းကို ဘာလို့ မေးတာလဲ အရင်သုံးသပ်ကြည့်ပါ။ သူ့ရည်းစားဟောင်းပုံစံကို နားထောင်ပြီး သင်သဘောကျတဲ့ ကောင်လေးရဲ့ အကြိုက်ပုံစံကို သိချင်တာလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ စပ်စုတာလား။ အရင်က သင်မတိုင်ခင် ချစ်မိခဲ့လို့ အရင်ရည်းစားဟောင်းကို သဝန်တိုတာလား။ ဘာကြောင့်လဲ အရင်စဉ်းစားပါ။ မေးဖို့ ဘာကိစ္စမှ မရှိရင် မမေးတာအကောင်းဆုံးပါပဲ။ အခု သူက သင်နဲ့ အတူတူရှိနေတာပါ။ ရည်းစားဟောင်းနဲ့အတူတူ ရှိနေတာမဟုတ်ပါဘူး။

၃။ နင်အဲ့ကို ရောက်ရင် ဖုန်းခေါ်ဦးနော်..ရောက်သွားရင် Message ပို့မယ်မလား..


ယောကျာ်းလေးတွေက သူတို့ချစ်သူကို မတ်ဆေ့ပို့ချင်ကြပါတယ်။ ဖုန်းခေါ်ချင်ကြပါတယ်။ ဒါပေမဲ့ ဒါကို သူတို့ကို တာဝန်ပေးတဲ့သဘောမျိုး တောင်းဆိုလာရင်တော့ မကြိုက်ကြပါဘူး။ သူတို့စိတ်နဲ့ သူတို့လုပ်တာကိုပဲ သဘောကျကြပါတယ်။ ဒါကြောင့်မတောင်းဆိုရဘဲ လုပ်ပေးတာမျိုးကပဲ ပိုကောင်းပါတယ်။

၄။ နောက်ဆယ်နှစ်နေရင် ကျွန်မတို့နှစ်ယောက်က ဘယ်လိုဖြစ်လာမလဲ


ယောကျာ်းလေးတွေက ရှေရှည်အတွက် သိပ်မတွေးချင်ကြပါဘူး။ လက်ရှိအချိန်မှာပဲ နေတတ်ကြပါတယ်။ သူတို့မှာ နှစ် ၂၀ စာ Plan မရှိကြပါဘူး။ သူက သင့်ကို မချစ်လို့မဟုတ်ပါဘူး။ သင်နဲ့ လက်ရှိအတူရှိတဲ့အချိန်ကို သဘောကျနေလို့ပါ။ သင့်ကောင်လေးကို နောက် ၁၀ နှစ် စီမံကိန်းနဲ့ ကျဉ်းထဲ ကျပ်ထဲရောက်အောင် မလုပ်ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar