မိန်းကလေးတိုင်းအတွက် ဆံပင်အရှည်မြန်ပြီး အုံထူလာစေဖို့ ထိရောက်တဲ့ hair mask လေးမျိုးကို ပြောပြပေးလိုက်ပါတယ်။ လုပ်ရတာအရမ်းလွယ်ကူတဲ့ hair mask လုပ်နည်းတွေကိုပဲ ရွေးပေးထားပါတယ်။
Aloe vera hair mask
ရှားစောင်းလက်ပတ်အတွင်းက ဂျယ်လ်ကိုခြစ်ယူပြီး သံလွင်ဆီနဲ့ရောကာ ပွက်ပွက်ဆူအောင်ကျိုပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်အအေးခံထားပြီး အေးပြီဆိုရင် ဦးရေပြားကစပြီး ဆံပင်အနှံ့သေချာလိမ်းပြီး hair mask လုပ်ပေးရမှာပါ။ ဒီလိုလုပ်ပေးခြင်းက ဆံပင်အရှည်မြန်စေပြီး သိသိသာသာအုံထူလာစေပါတယ်။
ပဲမှုန့် hair mask
ပဲမှုန့် – ၁၀၀ ဂရမ်ကို ရေခွက်တစ်ဝက်စာနဲ့ ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး ဆံပင်အရင်းကနေအဖျားအထိ လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီး ခေါင်းလျှောက်ပါ။ ဒီလိုလုပ်ပေးခြင်းက ဆံပင်သန်စေပြီး ဆံပင်အရှည်မြန်စေတယ်၊ ဆံပင်အုံထူစေတယ်၊ ဆံပင်ကျွတ်တာလည်း သက်သာလာစေပါတယ်။
Onion juice hair mask
ကြက်သွန်နီတစ်လုံးကို သေးသေးလေးတွေလှီးပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့ ကြက်သွန်နီအရည် onion juice တွေကို အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်းတစ်ဝက်၊ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့နဲ့ ရောမွှေပါ။ ပြီးရင် အဲ့တာကို ဆံပင်အရင်းကနေ အဖျားအထိ သေချာနှံ့အောင်လိမ်းပြီး တစ်နာရီခွဲကြာအောင် ပေါင်းထားပါ။ အချိန်ပြည့်ရင် mild shampoo နဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကို တစ်လမှာ ၃ ကြိမ်လောက်လုပ်ပေးရင် သိသိသာသာ ဆံပင်အရှည်မြန်ပြီး အုံထူလာစေပါတယ်။
ကြက်ဥနဲ့ပျားရည်
ကြက်ဥတစ်လုံးနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး ဦးရေပြားနဲ့ဆံသားအနှံ့ သေချာလိမ်းပေးပြီး ၁၅ မိနစ်ပေါင်းထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ပြီး အနံ့မွှေးတဲ့ conditioner ပြန်သုံးပေးပါ။ ဒါမှ ကြက်ဥအနံ့မကျန်ခဲ့မှာပါ။ ဒီလိုလုပ်ပေးခြင်းကလည်း ဆံပင်အရှည်မြန်ပြီး အုံထူစေတယ်၊ ဆံသားကျန်းမာစေတယ်၊ ဆံသားအတွက်လိုအပ်တဲ့ nourishment ရစေပါတယ်။