ပျိုမေလေးတွေရဲ့ ဆံကေသာက ဆံပင်ဆေးဆိုးခြင်း၊ ခေါင်းလျှော်ရည်အမျိုးမျိုးသုံးခြင်းစတဲ့ ဓာတုဆေးဝါးတွေကြောင့်သော်လည်းကောင်း၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့်သော်လည်းကောင်း၊ အစားအသောက်မဆင်ခြင်ခြင်းကြောင့်လည်းကောင်း ဆံကေသာကျန်းမာမှုကို ထိခိုက်စေပါတယ်။

များပြားလှတဲ့ အလုပ်အချိန်တွေကြောင့်လည်း အလှပြင်ဆိုင်သွားပြီး ဆံပင်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့အချိန်လည်း မရှိကြပါဘူး။

ဒါဆိုရင် အိမ်မှာပဲ ခဏလေးအချိန်ပေးလိုက်ရုံနဲ့ ပျော့ပျောင်းတဲ့ ဆံကေသာလေးကို ဘယ်လိုပိုင်ဆိုင်နိုင်ကြမလဲ။

၁။ ဒိန်ချဉ်နဲ့ ကြက်ဥအကာ

Photo Source: tipsandbeauty.com

ဒိန်ချဉ်နဲ့ ကြက်ဥအကာကို အချိုးတူရောလိုက်ခြင်းဖြင့် အစွမ်းထက်တဲ့ဆံပင်ပေါင်းဆေးကို ရရှိမှာပါ။ ရောမွှေထားတဲ့ ကြက်ဥအကာနဲ့ဒိန်ချဉ်ကို ဦးရေပြားအနှံ့ သုတ်လိမ်းနှိပ်နယ်ပေးပြီး အရည်များ စက်လက်ကျပြီး ပေပွမနေအောင် ခေါင်းစွပ်လေးအုပ်ထားလိုက်ပါ။ မိနစ် ၃၀ ခန့်အကြာမှာတော့ ရေအေး (သို့မဟုတ်) ကြက်သီးနွေးရေနွေးလေးနဲ့ ဆံပင်လျှော်လိုက်မယ်ဆိုရင် နူးညံ့တောက်ပြောင်တဲ့ ဆံပင်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

၂။ ပျားရည်နဲ့ ငှက်ပျောသီး

Photo Source: www.stylecraze.com

ကြိတ်ချေထားတဲ့ ငှက်ပျောသီးအနှစ်လေးတွေကို ပျားရည်နဲ့ ရောလိုက်ပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားအနှံ့သုတ်လိမ်းပေးပြီး မိနစ် ၃၀ ခန့် စောင့်ပါ။ ပြီးမှ မိမိကြိုက်နှစ်သက်တဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ဒီနည်းလေးကတော့ ခြောက်သွေ့တဲ့ ဆံသားလေးတွေအတွက် ဆံပင်အစိုဓာတ်ရရှိအောင် ပြုလုပ်ပေးပါတယ်။

၃။ အုန်းဆီနဲ့ ပျားရည်

Photo Source: clickpicx.pw

အားလုံးသိကြတဲ့အတိုင်းပဲ ဆံသားလေးတွေ ကျန်းမာရေးအတွက် အုန်းဆီက အစွမ်းအထက်ဆုံးပါပဲ။ အုန်းဆီကို နေ့စဉ်ပုံမှန်လိမ်းပေးခြင်းက ဆံပင်အရှည်မြန်စေပြီး ပိုးသားလေးလို နူးညံ့တောက်ပြောင်နေစေပါတယ်။ အုန်းဆီကို ပျားရည်နဲ့ ရောပြီး တစ်ပတ်နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင် ပျက်စီးနေတဲ့ဆံပင်လေးတွေကို ပြန်လည်ကျန်းမာစေပါတယ်။ ဘယ်လိုဆံကေသာပိုင်ရှင်မျိုးမဆို အသုံးပြုနိုင်ပါတယ်။

၄။ ထောပတ်သီးနဲ့ မိယောနိစ်

Photo Source: www.homeremedyfind.com

ထောပတ်သီးကို ခပ်ငယ်ငယ်အတုံးများတုံးပြီး ကြိတ်ချေလိုက်ပြီးနောက် မိယောနိစ်နဲ့ ရောစပ်ကာ အနှစ်လေးများဖြစ်အောင် ပြုလုပ်လိုက်ပါ။ ထို့နောက် ဆံပင်နဲ့ဦးရေပြားပေါ်အသာအယာလိမ်းပေးပြီးနောက် ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့်ကြာမှ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ဒီနည်းလေးကတော့ ကျိုးပဲ့ ပျက်စီးလွယ်ပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံကေသာအတွက် အသင့်တော်ဆုံးပါပဲ။ မိယောနိစ်က ဆံပင်ကိုအရင်းကနေ အဖျားအထိသန်စွမ်းစေပြီး ထောပတ်သီးကတော့ ဆံပင်သန်စွမ်းခြင်းနဲ့ ချောမွေ့အောင် ကူညီပေးပါတယ်။