ဆံသားက Damage Tresses ဖြစ်နေသူများအတွက် ပုံမှန်လုပ်ပေးသင့်တဲ့အရာ 4 ခုကို ပြောပြပေးလိုက်ပါတယ်။ ဆံသားက ခြောက်ပြီးဖွာထွက်နေတဲ့အပြင် တစ်ခုခုကိုသွားကပ်သလိုတောင် ဖြစ်တာမျိုး၊ ပျက်စီးနေတာမျိုး ဖြစ်နေတာကို ဒီတိုင်းထားမယ်ဆိုရင် ပိုဆိုးလာမှာပါ။ ဒါကြောင့် ပိုဆိုးမလာပဲ ဆံသားပြန်ကောင်းသွားအောင် ဒီအရာတွေကို မဖြစ်မနေ လုပ်ပေးဖို့လိုပါတယ်။

Moisturizing Shampoo နဲ့ Conditioner သုံးပါ

Shampoo နဲ့ Conditioner သုံးတဲ့အခါမှာ Moisturizing ဖြစ်တာမျိုးကို ရွေးသုံးပေးပါ။ ခေါင်းလျှော်တိုင်းမှာ Conditioner ပါ တွဲသုံးပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှ ဆံသားနူးညံ့ပြီး ချော့မွေ့လာမယ်၊ တောက်ပြောင်လာပါမယ်။

Hair Mask သုံးပါ

တစ်ပတ်တစ်ခါ Hair Mask သုံးပေးပါ။ Hair Mask သုံးပေးတာက ဆံသားအတွက် Nourishing ဖြစ်စေပြီး ဆံသားချောမွေ့ တောက်ပြောင်စေတယ်၊ ဆံသားပျော့ပြောင်းပြီး ပျက်စီးတာတွေလည်း သက်သာလာစေပါတယ်။ ဆံသားလည်း သိပ်သိပ်ဝပ်ဝပ်လေးဖြစ်ပြီး လှစေပါတယ်။

Towel နဲ့သုတ်ပါ

ခေါင်းလျှော်ပြီးတိုင်းမှာ လေပူတွေနဲ့ Dryer မမှုတ်ပဲ Towel နဲ့ပဲ သေချာသုတ်ပေးပါ။ Micro Fibre Towel (သို့) သန့်ရှင်းတဲ့ Cotton T-shirt ကို သုံးပြီးတော့ သုတ်ပေးမယ်ဆိုရင်တော့ ဆံသားအတွက် အကောင်းဆုံးပါပဲ။ ဒါမှ ဆံသားဖွာတာ၊ ပျက်စီးတာတွေ မဖြစ်မှာပါ။ Damage Tresses ဖြစ်တာ သက်သာချင်ရင် ဒီနည်းကို မဖြစ်မနေ လုပ်ပေးပါ။

Hair Serum လိမ်းပါ

Hair Serum ကို မဖြစ်မနေသုံးပေးပါ။ ခေါင်းလျှော်ပြီးတဲ့အချိန် ဆံပင်မခြောက်တစ်ခြောက်အချိန်မှာ Hair Serum လိမ်းပေးပါ။ ကျန်တဲ့နေ့တွေမှာတော့ ဆံပင်အဖျားလေးတွေကို နေ့တိုင်းလိမ်းပေးပါ။ Damage Tresses အရမ်းဖြစ်တဲ့သူဆိုရင်တော့ ဆံသားအနှံ့သာလိမ်းပေးပါ။ Hair Serum မလိမ်းရင် ဆံသားခြောက်တာ၊ ဖွာတာ၊ ငြိတာတွေပိုဖြစ်ပြီး ဆံပင်အဖျားတွေ ပျက်စီးတာ၊ အဖျားနှစ်ခွဖြစ်တာတွေလည်း ပိုဆိုးလာမှာပါ။