သင့်နှုတ်ခမ်းကို ညိုမဲလာအောင်လုပ်နိုင်တဲ့ အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဘာလို့မှန်းမသိပဲ နှုတ်ခမ်းက ညိုမဲလာတယ်ဆိုရင် ဒီအရာတွေကို လုပ်နေမိလားဆိုတာ ပြန်စစ်ကြည့်ပါ။ နှုတ်ခမ်းညိုမဲတာမျိုး မဖြစ်တဲ့သူတွေဆိုလည်း ဒီအရာတွေကို သိထားတော့ ကြိုတင်ဆင်ခြင်လို့ ရတာပေါ့။

Exfoliate မလုပ်ခြင်း

နှုတ်ခမ်းသားကိုလည်း Exfoliate လုပ်ပေးဖို့လိုပါတယ်။ Lip Scrub လေးတွေလည်းရှိသလို ဒီတိုင်း သကြားနဲ့ပျားရည်ကိုရောပြီး နှုတ်ခမ်းကို ပွတ်ပေးလို့လည်း ရပါတယ်။ နှုတ်ခမ်းနီအမျိုးမျိုး ဆိုးနေပြီး နှုတ်ခမ်းကို Exfoliate ပုံမှန်မလုပ်ပေးရင် တစ်ဖြေးဖြေးနဲ့ ညိုမဲလာတတ်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက နှုတ်ခမ်းညိုမဲစေတဲ့ အဓိကအကြောင်းအရင်းပါပဲ။ ဆေးလိပ်သောက်တဲ့သူဆိုရင် ဖြစ်လာပါပဲ။ ကိုယ်က ဆေးလိပ်သောက်လို့ နှုတ်ခမ်းညိုမဲတာဆိုရင် အရင်ဆုံး ဆေးလိပ်ဖြတ်ပြီးမှ ကျန်တဲ့ Treatment တွေကို ဆက်လုပ်တာက ပိုအကျိုးရှိပါတယ်။

Moisture လျော့နည်းခြင်း

နှုတ်ခမ်းက Moisture အပြည့်အဝရှိနေမှ နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေလည်း မဖြစ်မှာပါ။ Moisture လျော့နည်းနေရင် အမြဲတမ်း နှုတ်ခမ်းကွဲခြောက်ပြီး နှုတ်ခမ်းညိုမဲလာစေပါတယ်။ ဒါကြောင့် ညတိုင်း Lip Balm ဆိုးပေးပါ။

နေရောင်ခြည်ဒဏ်ကို မကာကွယ်ခြင်း

နေပူထဲအမြဲနေရတဲ့သူ၊ နေအရမ်းပြင်းတဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူ၊ နေပူထဲ အမြဲသွားလာနေရတဲ့သူတွေက နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ မျက်နှာနဲ့ Body ကို Sunscreen လိမ်းသလိုပဲ နှုတ်ခမ်းသားအတွက်လည်း အနည်းဆုံး SPF30 ပါတဲ့ Lip Balm ကို ဆိုးပေးရပါမယ်။ Sunscreen မလိမ်းပဲ နေပူထဲသွားရင် အသားမဲလာသလို နှုတ်ခမ်းသားကလည်း တူတူပါပဲ။ ဒါကြောင့် နှုတ်ခမ်းကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။