တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမြဲဖို့အတွက် အမြဲချစ်နေဖို့ လိုအပ်ပါတယ်။ အခုပြောမယ့် အကြောင်းအရာကတော့ အချိန်အကြာကြီး တွဲခဲ့တဲ့ ချစ်သူတွေအတွက် ရည်ရွယ်ပါတယ်။ နေရာဝေးနေကြတဲ့ ချစ်သူတွေအနေနဲ့လည်း သိထားသင့်ပါတယ်။ အချိန်ကြာလာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ချစ်ပေမယ့် တစ်ခါတလေ အချစ်ရေးက အေးစက်စက်ဖြစ်နေတတ်ပါတယ်။ သင့်ကောင်လေး သို့ ကောင်မလေးနဲ့ အရင်လို မနွေးထွေးနိုင်တော့ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။

၁။ သင့်ချစ်သူကို နံပါတ်တစ် ဦးစားပေးပါ

အရင်က သင့်ချစ်သူရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရပါ။ သူ့ကို အရင်က Surprise လုပ်ပေးခဲ့တာတွေ၊ သူ့အတွက် လက်ဆောင်ဝယ်ပေးခဲ့တာတွေကို ပြန်စဉ်းစားပါ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေအကုန်လုံးကို ပြန်အသက်သွင်းပါ။

၂။ ရယ်မောပါ

ဟာသအရွှန်းဖောက်ပြီး သူနဲ့ အတူရယ်မောပါ။ သူ ဘယ်လိုနေရရင် ပျော်လဲ သင်အသိဆုံးဖြစ်မှာပါ။ စွန့်စားစရာအလုပ်တွေကို အတူတူလုပ်ပါ။

၃။ အကြောင်းအရာအသစ်တွေကို အတူတူလုပ်ပါ

သူနဲ့အတူ အသစ်အဆန်းတွေကို လုပ်ကြည့်ပါ။ အတူတူသင်တန်းတွေ တက်ကြည့်ပါ။ အသစ်အသစ် တွေကို လုပ်ရတာမို့ အရင်လို ပြန်ပျော်ရွှင်လာပါလိမ့်မယ်။

၄။ သင့်ချစ်သူကို ဒီကမ္ဘာပေါ်မှာ အရေးအကြီးဆုံး လူသားတစ်ယောက်လို ဆက်ဆံပါ

လက်ရှိအချိန်မှာ အာရုံစိုက်တာက အကောင်းဆုံးပါပဲ။ လက်ရှိ သင့်ချစ်သူနဲ့ အတူရှိချိန် သူ့ကို အပျော်ဆုံးလူသားတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ သူ့ကိုပဲ အာရုံစို်က်ပါ။ သူနဲ့တွေ့တဲ့အချိန် ဖုန်းကိုပဲ စွတ်သုံးမနေပါနဲ့။ ဖုနး်ချထားပြီး သူ့ကိုပဲ အပြည့်အဝအချိန်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar