မင်္ဂလာပါနော်။ သင်က Trend အလိုက် ခေတ်စားနေတဲ့ မိတ်ကပ်ပြင်နည်းတွေအတိုင်း လိုက်ပြင်ရတာ စိတ်ဝင်စားတဲ့သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ မိတ်ကပ်ပြင်တဲ့အခါ မျက်ခုံးမွှေးဆွဲတဲ့ အနေအထားပေါ်မူတည်ပြီး ရုပ်ပြောင်းသွားနိုင်တာမို့ မျက်ခုံးခြယ်တဲ့အဆင့်က အရမ်းအရေးကြီးပါတယ်။ အခုနောက်ပိုင်းမှာ အာရှနိုင်ငံတော်တော်များများမှာရှိတဲ့ မိတ်ကပ်ပညာရှင်တွေ၊ Celebrity တွေဟာဆိုရင် မျက်ခုံးကို ထင်းနေအောင်ဆိုးထားထက် ဆွဲထားမှန်းမသိသာဘဲ သဘာဝဆန်ဆန်လေး ထူသလိုမြင်ရအောင် ဆိုးလာကြပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ကိုယ်တိုင် Try ကြည့်နိုင်မယ့် ခေတ်စားနေတဲ့ မျက်ခုံးမွှေးပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Soft Feathered Brows

ထူထူလေးနဲ့ သဘာဝဆန်တဲ့ မျက်ခုံးမျိုးရစေတာမို့ တော်တော်များများ ဆွဲတတ်ကြတဲ့ပုံစံလေးဖြစ်ပါတယ်။ ဌက်မွှေးမျှင်တွေလို မျက်ခုံးမွှေးကို တစ်မျှင်ချင်းရှည်ပြီးထောင်နေအောင် ဆွဲရမယ့်နည်းပါ။ Eyeliner အပါးလေးနဲ့ မျက်ခုံးလမ်းကြောင်းအတိုင်း တစ်ကြောင်းချင်းဖြည့်ဆွဲနိုင်သလို Eyebrow Gel နဲ့ဆွဲတာလည်း အဆင်ပြေပါတယ်။

Ombre Brows

မျက်ခုံးကို Eyeliner နဲ့ အပေါ်အောက်တစ်ကြောင်းစီဆွဲကာ ပုံစံဖော်ပြီး မျက်ခုံးရှေ့ဘက်ကို ခပ်မှိန်မှိန်လေးချန်ထားကာ နောက်ဘက်ကို ညီနေအောင်ဖြည့်ဆွဲရမယ့်ပုံစံလေးဖြစ်ပါတယ်။ မျက်ခုံး Shape ပိုပေါ်ပြီး မိတ်ကပ်လည်းထင်းစေမှာပါ။


Brown Coloured Brows

အခုနောက်ပိုင်းမှာ မျက်ခုံးကိုအမဲဆိုးမှဆိုတာထက် အညိုလို အဖျော့ဘက်သွားတဲ့အရောင်လေးတွေနဲ့လည်း ခပ်ပါးပါးဆွဲလာကြပါတယ်။ ဒီလိုအရောင်ပါတာလေးဆိုးတာက ပေါ့ပေါ့ပါးပါးနဲ့ မျက်နှာလေးလင်းသွားစေသလို ဆံပင်ဆိုးထားတဲ့သူတွေနဲ့ဆိုရင် ပိုပြီးလိုက်ဖက်နေမှာပါ။ ဒီ Look အတွက် Eyeliner အပြင် Eyeshadow နဲ့ အရောင်ပါတဲ့ Mascara တွေကိုပါသုံးပြီး ဆွဲနိုင်ပါတယ်။


Korean Style Straight Brows

ကိုးရီးယား Idol နဲ့ မင်းသမီးတွေရဲ့ Makeup Look တွေမှာ အသုံးများတဲ့ မျက်ခုံးဆွဲနည်းဖြစ်ပါတယ်။ မျက်ခုံးအစွန်းကို အပေါ်ထောင်မဆွဲဘဲ တန်းတန်းပြေပြေလေးနဲ့ အနောက်ဘက်အရှည်ဆွဲပေးရမှာပါ။ ဒီလိုမျက်ခုံးတန်းတန်းလေးက သင့်ကို အသက်ပိုငယ်သွားသလိုထင်ရပြီး Innocent Look လေးရစေပါလိမ့်မယ်။

Photo Source: Pinterest, girlstyle.com

By MyStyle Myanmar