မျက်ကပ်မှန် ဆိုတာဟာ တောင်ကိုရီးယားနိုင်ငံမှာ လူသုံးအများဆုံး အလှကုန်ပစ္စည်းတွေထဲမှာ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ မိတ်ကပ်ပြည့်စုံအောင်လိမ်းထားရင်တောင်မှ မျက်လုံးအလှကို ပိုပြီးပေါ်လွင်စေဖို့အတွက် အထူးသဖြင့် မျက်လုံးလေးက သမင်မျက်လုံးလေးလိုမျိုး ဝိုင်းစက်နေဖို့အတွက် မျက်ကပ်မှန်ကို သုံးကိုသုံးကြပါတယ်။ အထူးသဖြင့် တောင်ကိုရီးယားက ကေပေါ့အိုင်ဒေါ တွေပါ။

အခုတစ်ခေါက်မှာတော့ လှပတဲ့ အမျိုးသမီး ကေပေါ့အိုင်ဒေါတွေထဲကမှ လေးဦးကို ရွေးချယ်ပြီးတော့ မျက်ကပ်မှန်တပ်ထားချိန်နဲ့ မတပ်ထားချိန်တို့ရဲ့ ကွာခြားချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1. NewJeans’ Haerin

မျက်ကပ်မှန်တပ်ထားချိန်

ပထမဆုံးတစ်ယောက်ကတော့ Monster Rookies တွေဆိုပြီး Debut အစကတည်းက အရမ်းအောင်မြင်ခဲ့တဲ့ NewJeans က ကြောင်မလေး Haerin ပဲ ဖြစ်ပါတယ်။ Haerin က စင်ပေါ်မှာဖျော်ဖြေချိန်တွေ အများစုမှာ မျက်ကပ်မှန်တပ်လေ့ရှိသူပါ။

အခုလိုမျိုး မျက်ကပ်မှန်တပ်ထားရင် သူမရဲ့ ပုံမှန်မြင်တွေ့နေကြ တည်ငြိမ်တဲ့အသွင်နဲ့ လုံးဝကွဲပြားသွားပါတယ်။ အထူးသဖြင့် သူမရဲ့ ကြောင်မျက်လုံးကို ပိုပြီးပေါ်လွင်သွားစေပါတယ်။

မျက်ကပ်မှန်မတပ်ထားရင်

မျက်ကပ်မှန်မတပ်ထားဘူးဆိုရင်တော့ အသက် (၁၇) နှစ်သာရှိသေးတဲ့ ကောင်မလေးပုံရိပ် ပြန်ပေါ်လာပါတယ်။ သူမရဲ့ပရိသတ်တွေကတော့ မျက်ကပ်မှန်ပါပါ မပါပါ သူမရဲ့ ပုံစံအားလုံးကို သဘောကျပါတယ်။

2. IVE’s Wonyoung

IVE အဖွဲ့ဝင် Wonyoung ဟာဆိုရင်လည်း မျက်ကပ်မှန်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ အပြစ်ပြောစရာကိုမရှိတဲ့ နောက်ထပ်အိုင်ဒေါတစ်ဦးပါ။

မျက်ကပ်မှန်တပ်ထားချိန်

မျက်ကပ်မှန်မပါချိန်

Ice Princess လို့ စတိတ်စင်ပေါ်က Wonyoung ကို နာမည်ပေးထားတယ်ဆိုရင် မျက်ကပ်မှန်ချွတ်ထားတဲ့ Wonyoung ကတော့ ချစ်စရာကောင်းတဲ့ ဘေးအိမ်ကကောင်မလေး အသွင်ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။

3. aespa’s Karina

Aespa အဖွဲ့ဝင် Karina ကလည်း မျက်ကပ်မှန်ပါပါ မပါပါ သူမရဲ့အလှကြောင့် ပိုပြီးလူသိများတဲ့ အိုင်ဒေါတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မျက်ကပ်မှန်တပ်ထားချိန်

မျက်ကပ်မှန်တပ်ထားပြီး သူမရဲ့မျက်လုံးကို ပိုပြီးဝိုင်းစက်စေတော့ အဖွဲ့ရဲ့ Girl Crush စတိုင်နဲ့ ပိုပြီး လိုက်ဖက်သွားပါတယ်။

မျက်ကပ်မှန်မပါချိန်

မျက်ကပ်မှန်မပါတဲ့ Karina ဟာ သူမရဲ့နဂိုမူလဖြစ်တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ် ပြန်ပြောင်းသွားပါတယ်။

4. ITZY’s Yuna

လေးယောက်မြောက်ကတော့ ITZY အဖွဲ့ဝင် Yuna ပါ။ သူမလည်းပဲ စတိတ်စင်ပေါ်မှာဆိုရင် မျက်ကပ်မှန် မကြာမကြာ တပ်လေ့ရှိသူပါ။

မျက်ကပ်မှန်တပ်ထားချိန်

Yuna က နဂိုတည်းကလည်း မျက်လုံးဝိုင်းပေမယ့် မျက်ကပ်မှန်တပ်ထားချိန်ဆို ပိုပြီးမျက်လုံးအလှ ပေါ်လွင်သွားပြီး အရုပ်မလေးလို ဖြစ်သွားစေပါတယ်။

မျက်ကပ်မှန်မပါချိန်

ထုံးစံအတိုင်း ပရိသတ်တွေကတော့ မျက်ကပ်မှန်ပါပါမပါပါ သူတို့ရဲ့ အိုင်ဒေါကို အားပေးကြစမြဲပါ။