မြင်သူတကာငေးပြီး အားကျရတဲ့ဆံပင်လေးဖြစ်ဖို့ ၊ လှပပြီး အပြစ်အနာအဆာကင်းတဲ့ ဆံကေသာလေးရဖို့ Curry Leaves က ကူညီပေးနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား ? ဒါဆို Curry Leaves ကို ဆံသားကျန်းမာဖို့ ဘယ်လိုသုံးမလဲ ?
Curry Leaves ကို စားတာ ၊ ဦးရေပြားပေါ်လိမ်းတာမျိုး မကြာမကြာလုပ်ပေးရင် ဆံသားအတွက် ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
Curry Leaves က အာဟာရဓာတ်တွေက ဉီးရေပြားကျန်းမာဖို့ ကူညီပေးသလို ပျက်စီးနေတဲ့ ဆံသားများကို ပြန်လည်နုပျိုစေပြီး ဆံပင်မွေးညင်းပေါက်တွေကို အသက်ရှုဖို့ ကူညီပေးပါတယ်။
Curry Leaves မှာပါတဲ့ ဗီတာမင် B က ဆံပင်ရဲ့အမြစ်တွေကို အာဟာရဖြည့်ပေးပြီး သန်မာစေတာကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ကာကွယ်ပေးပြီး ဆံပင်ရဲ့အရောင်ကို ပြန်ကောင်းစေပါတယ်။ ဆံပင်အမြစ်အသစ်တွေ ကြီးထွားမှုကိုလည်း ကူညီပေးတာကြောင့် ရလဒ်အနေနဲ့ ကျန်းမာသန်စွမ်းပြီး တောက်ပတဲ့ ဆံကေသာကို ရရှိမှာပါ။
Curry Leaves မှာ Antioxidants နဲ့ Amino Acids တွေ ကြွယ်ဝစွာပါဝင်တာကြောင့် Amino Acids က ဆံပင်ကျွတ်တာကို ကာကွယ်ပေးကာ ဆံပင်မွေးညင်းပေါက်များကို အားကောင်းပြီး Antioxidants က ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းပေးပါတယ်။ ဗောက်ဖြစ်စေတဲ့ ဦးရေပြားက ဆဲလ်သေများကို ဖယ်ရှားရာတွင်လည်း ကူညီပေးပါတယ်။
အာဟာရတန်ဖိုးမြင့်မားတဲ့ Curry Leaves က ဆံသားနဲ့ ဆံပင်အရင်းများကို အားကောင်းစေသလို အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ဆံပင်ပြဿနာများစွာကိုလည်း ဖယ်ရှားပေးပါတယ်။