သင်က မော်ဒယ်တွေလို ခြေတံရှည်ရှည်နဲ့ ပေါင်တံသွယ်သွယ်လေးကို လိုချင်ရင် လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေက ရိုးရှင်းတဲ့အပြင် အမှန်တကယ် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ နိုင်ငံခြားက မော်ဒယ်တွေ ဖြစ်တဲ့ Kendall Jenner, Gigi Hadid စတဲ့ မော်ဒယ်တွေရဲ့ ခြေတံသွယ်သွယ်လေးကို ကြည့်ပြီး သင်အားကျဖူးမှာပါ။ ဒီလို မော်ဒယ် ခြေထောက်လေးတွေ ရအောင် လုပ်နိုင်မယ့် လေ့ကျင့်ခန်းတွေကတော့ ဒီလိုပါ။

ဒါပေမဲ့ ဒီလေ့ကျင့်ခန်းတွေကို မပြောခင် မျိုးရိုးဗီဇကလည်း အရေးပါနေပါသေးတယ်။ သင့်မျိုးရိုးက ပေါင်တံတုတ်တဲ့အထဲ ပါရင် သင်ကိုယ်တိုင် ပေါင်တံတုတ်တတ်ပါတယ်။ ဒါကြောင့် ခါးသွယ်သွယ် မိန်းကလေးတွေကို မြင်ရင် အားကျမနေဘဲ သူတို့ရဲ့ မျိုးရိုးကိုက ဒီလိုပါလား ဆိုပြီး သိထားသင့်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Legs Cross Over Taps

Photo Source: Ballet Beautiful

ဒူးထောက်ကာ လက်ကို မြေပြင်ပေါ် ထောက်ထားတဲ့ အခြေအနေကနေ စပေးရပါမယ်။ ပြီးနောက် တစ်ဘက်က ဒူးထောက်တာကို အားပြုကာ ကျန်တစ်ဘက်ကို ဆန့်တန်းကာ ဒူးထောက်ထားတဲ့ ခြေထောက်ကို ကျော်ကာ ဘယ်ညာ ထိပေးရပါမယ်။ တစ်ဘက်ဆီကို ၁၀ ခါ နဲ့ သုံးကြိမ်လုပ်ရပါမယ်။

၂။ Single Leg Airplanes

Photo Source: Redbull.com

မတ်တပ်ရပ် အနေအထားနဲ့ စတင်ပေးရပါမယ်။ ပြီးနောက် ခြေထောက်တစ်ဘက်ကို အားပြုကာ ကျန်တစ်ဘက်ကို နောက်ဘက်ဆီ မြှောက်တင်ပေးရပါမယ်။ ပြီးရင်တော့ နဂို မတ်တပ်ရပ် အနေအထား ပြန်သွားရပါမယ်။ တစ်ဘက်စီကို ဆယ်ကြိမ်နဲ့ သုံးခါ လုပ်ပေးရပါမယ်။

၃။ Sumo Squats

Photo Source: Gifs

ဒီလေ့ကျင့်ခန်းအတွက် အလေးတုံး တစ်တုံးကို လိုအပ်ပါတယ်။ ခြေထောက်နှစ်ဘက်ကို ကားထားကာ ထိုင်ထ လုပ်ပေးရပါမယ်။ ဒီလို ထိုင်တဲ့အခါ တင်ပါးကို အားပြုကာ ထိုင်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၅ ခါနဲ့ သုံးကြိမ် လုပ်ပေးရပါမယ်။

၄။ ပုံမှန်ပြေးတာ

Photo Source: Tenor

ဒီလေ့ကျင့်ခန်း သုံးခုပြီးတာနဲ့ ပုံမှန်ပြေးပေးရပါမယ်။ ပုံမှန် အရှိန်နဲ့ အရမ်းမြန်တာ အရမ်းနှေးတာ မဟုတ်တဲ့ အရှိန်နဲ့ ပြေးရပါမယ်။ ပြေးတာက ပေါင်တံသွယ်စေကာ ကိုယ်အလေးချိန်ပါ ကျစေနိုင်ပါတယ်။ ဒီလို ပြေးတာကို မိနစ် ၂၀ လုပ်ပေးရပါမယ်။

By MyStyle Myanmar