ဝိတ်ကျချင်တဲ့သူတွေအတွက် တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ရုံနဲ့ ဝိတ်ကျလာစေမယ့် လေ့ကျင့်ခန်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ Gym မသွားပဲ အိမ်မှာပဲလုပ်ချင်တဲ့သူတွေနဲ့ အရမ်းပင်ပန်းတာမျိုးတွေ၊ လေ့ကျင့်ခန်းကို အများကြီးတွေ မလုပ်ချင်တဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတာကြောင့် Try ကြည့်နော်။ ပုံမှန်သာ သေချာလုပ်သွားမယ်ဆိုရင် ငွေကုန်ကြေးကျသက်သာပြီး ထိရောက်မှုရှိတဲ့ Result ကို မြင်တွေ့ရမှာပါ။

Burpees

ပုံမှာလုပ်ပြထားတဲ့ Burpees လေ့ကျင့်ခန်းကို အဆင့်ဆင့်ဆက်တိုက်လုပ်ရမှာပါ။ အားလုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၁၅ ကြိမ် ဆက်တိုက်လုပ်ရပါမယ်။ ပြီးရင် ခဏရပ်ပြီးတော့မှ နောက်တစ်ခေါက် ၁၅ ကြိမ် ဆက်တိုက် ထပ်လုပ်ပေးပါ။ တစ်နေ့ကို ၁၅ ကြိမ် ၂ ခေါက် လုပ်ပေးရုံနဲ့ ဝိတ်ကျစေမှာပါ။ နောက်ပိုင်း ကိုယ်လုပ်နိုင်လာတဲ့အခါ အဲ့ထက်တိုးပြီးတော့လည်း လုပ်နိုင်ပါတယ်။

Squats

Squats ထိုင်ပေးခြင်းက ပိန်နေတဲ့နေရာတွေကို အသားပြည့်လာစေတယ်၊ ကောက်ကြောင်း ပိုလှလာစေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ တစ်ခါလုပ်ရင် အကြိမ် ၃၀ ဆက်တိုက်လုပ်ပေးပါ။ ပြီးရင် နားပြီးတော့ အကြိမ် ၃၀ ထပ်လုပ်လို့လည်းရသလို မနက် အကြိမ် ၃၀၊ ညနေ အကြိမ် ၃၀ ဆိုပြီး ၂ ခါ ခွဲလုပ်လည်း ရပါတယ်။

Push-ups

Push-ups လုပ်တာကလည်း အဆီကျစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဗိုက်အဆီ၊ ခါးအဆီစတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ Push-ups ကိုလည်း အကြိမ် ၃၀၊ ၂ ခါ ခွဲလုပ်ပေးရမှာ ဖြစ်ပါတယ်။

Leg raises

Leg raises လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ အကြိမ် ၃၀ ဆက်တိုက်လုပ်ပေးပါ။ ပြီးရင် ခဏနားပြီးမှ နောက်ထပ် အကြိမ် ၃၀ ထပ်လုပ်ပေးပါ။ ဒါမှမဟုတ် မနက်၊ ည ခွဲပြီးတော့ အကြိမ် ၃၀ စီ လုပ်ပေးလည်း ရတာပါပဲ။