အခုခေတ်က လူတိုင်းလိုလို ဖုန်းကြည့်ကြတယ်။ အလုပ်လုပ်ရင်လည်း ကွန်ပြူတာနဲ့လုပ်ရတာများပါတယ်။ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာ ဖုန်းနဲ့ကွန်ပြူတာကို သုံးနေရတော့ ဇာတ်ကြောတက်တာ၊ ဇာတ်ကြောထိုးတာ၊ ပခုံးကြောတင်းတာမျိုးတွေ အရမ်းဖြစ်ကြပါတယ်။
ဒါကြောင့် ဖုန်းနဲ့ကွန်ပြူတာအသုံးများပြီး ဇာတ်ကြောတက်တာ၊ ပခုံးကြောတင်းတာတွေကို သက်သာစေမယ့် လေ့ကျင့်ခန်း ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
လေ့ကျင့်ခန်း ၁
ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ ခေါင်းကိုကိုင်ပြီး စောင်းထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခေါင်းပြန်မတ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ကိုစောင်းတာ ၃ ကြိမ်၊ ညာကိုစောင်းတာ ၃ ကြိမ်စီ လုပ်ပေးပါ။
လေ့ကျင့်ခန်း ၂
လေ့ကျင့်ခန်းလုပ်တဲ့ဖျာပေါ်မှာ ပုံထဲကအတိုင်း ခါးနဲ့လက်ကို ဆန့်ထုတ်ပြီးနေပေးပါ။ ပြီးရင် လေးဘက်ထောက်သလို ပြန်လုပ်ပါ။ ပြီးရင် ပုံထဲကအတိုင်း ပြန်လုပ်ပါ။ အဲ့အတိုင်း ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။
လေ့ကျင့်ခန်း ၃
ပထမပုံထဲကလိုနေပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ပြီးရင် ပထမပုံထဲကလိုပြန်လုပ်၊ ဒုတိယပုံထဲကလိုပြန်လုပ်ပါ။ အဲ့အတိုင်း ဆက်တိုက်လုပ်ပေးရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၅ ကြိမ်ပါ။
လေ့ကျင့်ခန်း ၄
လေ့ကျင့်ခန်းလုပ်တဲ့ဖျာပေါ်မှာ ပုံထဲကအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ဘယ်ဘက်လှည့်တာ ၃ ကြိမ်၊ ညာဘက်လှည့်တာ ၃ ကြိမ်စီပါ။ ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ခြေထောက်အနေအထား၊ လက်အနေအထားနဲ့ ခေါင်းအနေအထားကို သေချာမှန်အောင်လုပ်ရပါမယ်။ အနေအထားပုံစံမှားသွားရင် ဇာတ်ကြောနာတာ ပိုဆိုးသွားနိုင်လို့ပါ။
Source: www.healthline.com