မနက်စောစော အိပ်ယာထရမှာ ပျင်းတဲ့သူတွေ ပါမှာပါနော်။ အိပ်ယာထဖို့အတွက် ဆူညံပွက်လောရိုက်နေတဲ့ Alarm တွေပေးပေမယ့် အိပ်ယာမထချင်ဘဲ alarm ကို ပြန်ပြန်ပိတ်ပြီး အိပ်သွားကြတဲ့သူတွေလည်းရှိပါတယ်။ မနက်စောစော မထပေးဘူးဆိုရင် သင့်အတွက် နည်းနည်းတော့ အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မနက်စောစော ဘာလို့ ထပေးသင့်လဲဆိုတဲ့ အချက်ကို မျှဝေပေးသွားပါမယ်။

Source: Victor Lund

မနက်စောစော ထတဲ့သူတွေဟာ အိပ်ရေးပုပ်တဲ့သူတွေထက် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေး ပိုပြီးကောင်းမွန်ပါတယ်။ မနက်စောစော ထတတ်တဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိပြီးကြတယ်လို့ဆိုပါတယ်။ မနက်စောစောမထတတ်ဘဲ ညည့်နက်မှအိပ်တတ်တဲ့သူတွေကလည်း တီထွင်မှုစွမ်းရည်ပိုကောင်းပြီး ဟာသဉာဏ်ရှိတယ်လို့ ဆိုပါတယ်။

၂။ ကျန်းမာတဲ့ မနက်စာကို သေချာစားနိုင်တယ်။

Source: Byrdie

မနက်စာဟာ သင့်တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစားအစာဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ။ မနက်စာစားပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ မနက်စာစားပေးတာဟာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တွေကို ရရှိစေပါတယ်။ မနက်စာမစားပေးတဲ့သူတွေဟာ သရေစာ စားချင်စိတ်ပိုများပြီး အဆီများများ သကြားများများ စားချင်စိတ်ပိုများကြတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ မနက်ကိုနောက်ကျမှ ဝရုန်းသုန်းကာ အလုပ်သွားရင် မနက်စာကို သေချာမစားဖြစ်ဘဲ ဖြစ်နေမှာမို့ သင့်တစ်နေ့တာလုံးမှာ စိတ်ညည်းညူတာမျိုးဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိစေမှာမဟုတ်ပါဘူး။

၃။ သင့်ရဲ့ ကိုယ်ပိုင် သီးသန့်အချိန်လေးကို အသုံးပြုလို့ရတယ်။

Source: SimpleReminders.com

တစ်နေ့တာလုံး အလုပ်တွေမစတင်ခင် သင်လုပ်ရမယ့် အလုပ်တွေအစား သင့်အတွက်ပဲ သင် အာရုံစိုက်လို့ရပါတယ်။ အလုပ်မသွားခင် သေချာအနားယူလို့ရသလို ဘုရားရှိခိုးတာမျိုးလည်း အချိန်ယူလုပ်ပေးနိုင်လို့ စိတ်ကိုကြည်လင်စေမှာပါ။ လမ်းလျှောက်ထွက်ဖို့လည်း အချိန်ရတာကြောင့် သင့်ရဲ့ ဇီဝကာမဖြစ်စဉ်ကို မြင့်တက်စေပါတယ်။ ကယ်လ်လိုရီပိုလောင်ကျွမ်းစေပြီး ကျန်းမာတဲ့အစားအစာတွေ ရွေးချယ်နိုင်ဖို့ ကူညီပေးမှာပါ။

၄။ ကောင်းတဲ့အရာတွေ တွေးပြီး တစ်နေ့တာလုံးကို စတင်နိုင်တယ်။

Source: VideoBlocks

နောက်ဆုံးတစ်ချက်ကတော့ မနက်စောစော အိပ်ယာထတဲ့သူတွေဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိစေပါတယ်။ မနက်စောစော ထမယ်ဆိုရင် ဘုရားတရားလုပ်နိုင်တဲ့အပြင် စိတ်ကြည်လင်ပြီး အကောင်းဖက်က တွေးတဲ့အတွေးတွေနဲ့ စတင်နိုင်မှာပါ။ လုပ်စရာရှိတာ စိတ်အေးလက်အေးနဲ့ လုပ်ဆောင်နိုင်မှာမို့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သပါတယ်။ ဒါ့ကြောင့်မနက်စောစောထတဲ့သူတွေဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။

ကဲစာဖတ်သူတို့ကော မနက်စောစော ထကြမှာလား။