တစ်ခါတစ်လေကျရင် ကိုယ်လုပ်နေမိတဲ့ အရာတွေက ကိုယ်တိုင်တောင်မသိတဲ့ အမှားတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူအများစု အမြဲပြုလုပ်နေမိတတ်တဲ့ အမှားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Gym ဆော့တဲ့သူတွေဆိုရင် အများစုက Gym ဆော့ပြီးရင် ချွေးထွက်လို့ လန်းဆန်းသွားအောင် မျက်နှာသစ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက မှားပါတယ်။ Gym မဆော့ခင်မှာ မိတ်ကပ်ဖျက်တာမျိုး၊ မျက်နှာသစ်တာမျိုးကို လုပ်ထားပါ။ Gym ဆော့ပြီးမှ သစ်တာမျိုး မလုပ်ပါနဲ့။

ညအိပ်ယာဝင်တာနဲ့ ဖုန်းထုတ်ကြည့်တာမျိုး၊ မအိပ်ခင် ခဏလောက် ဖုန်းသုံးတာမျိုး လူတိုင်းလိုလို လုပ်ကြပါတယ်။ ဒါဟာ လုံးဝမလုပ်သင့်ပါဘူး။ အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ယာဝင်ရင် မအိပ်ခင် စာအုပ်ခဏဖတ်တာမျိုးက မြန်မြန်အိပ်ပျော်စေပါတယ်။

အရမ်းကြိုက်တဲ့သီချင်းတွေကို နားထောင်တဲ့အခါ လူငယ်အများစုက နားကျပ်တပ်ပြီး အသံကို အကျယ်ဆုံးဖွင့်နားထောင်တတ်ပါတယ်။ ဒီလို နားကျပ်တပ်ပြီး အကျယ်ကြီးဖွင့်နားထောင်တာ အကြားအာရုံကို အရမ်းထိခိုက်စေပါတယ်။

အများစုက အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး ကော်ဖီသောက်တတ်ကြပါတယ်။ ဒီလိုနိုးတာနဲ့ ကော်ဖီတန်းသောက်မယ့်အစား အိပ်ယာနိုးပြီး ၃ နာရီအကြာမှ ကော်ဖီ တစ်ခွက်သောက်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

Source: www.brightside.me