အရပ်ရှည်ချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာ၊ ဘားခိုရမှာတွေ ပျင်းတဲ့သူတွေအတွက် အရပ်ရှည်လာစေဖို့ အထောက်အကူပြုတဲ့ ယောဂကျင့်စဉ် ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အသက် ၂၀ ကျော်တဲ့အထိ လုပ်လို့ရတာဖြစ်ပြီး လုပ်ရတာလည်း လွယ်ကူတာကြောင့် try ကြည့်သင့်ပါတယ်။

1. Cobra Pose

ကြမ်းပြင်မှာလှဲပြီး လက်နှစ်ဖက်နဲ့ထောက် ခေါင်းကိုမော့ ခါးကိုကော့ပြီး ခြေထောက်တွေ ခါးတွေကို ဆန့်ထုတ်ထားပါ။ အဲ့ pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပြီး ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။ အချိန်မရရင် အနည်းဆုံး ၃ ကြိမ်တော့ လုပ်ပေးပါ။

2. Hand-To-Feet Forward Bend Pose

ပုံမှာပြထားတဲ့အတိုင်း ခါးတစ်ဝက်ကနေ အရှေ့ကို ကုန်းရမှာပါ။ ကုန်းပြီးတော့ လက်နှစ်ဖက်က ကြမ်းကို ထိထားပါ။ ခြေထောက်က ကွေးမနေပဲ ဆန့်တန်းနေရပါမယ်။ ဒါမှ အကြောတွေ၊ အရိုးအဆစ်တွေ ဆန့်ထုတ်သလိုဖြစ်ပြီး အရပ်ရှည်လာမှာပါ။ ခုနကလိုပဲ အဲ့ pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပြီး ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ် (သို့) ၅ ကြိမ် လုပ်ပေးပါ။

3. Downward Dog Pose

ပုံမှာပြထားတဲ့အတိုင်း တစ်ထပ်တည်းတူအောင် လုပ်ပေးရမှာပါ။ ခါးရိုးနဲ့လက်တွေနဲ့ကို ဆန့်ထားပြီး တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ ခြေထောက်ကိုလည်း ကွေးအောင်မနေပဲ ဆန့်တန်းထားရပါမယ်။ အဲ့ပုံစံ အနေအထားနဲ့ စက္ကန့် ၄၀ နေပေးပြီး ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ် (သို့) ၅ ကြိမ် လုပ်ပေးပါ။

4. Triangle Pose

ပုံမှာပြထားတဲ့ Triangle Pose အတိုင်း ခြေထောက်တွေဆန့်၊ လက်တွေဆန့်၊ ခါးတွေဆန့်ပြီး နေပေးရမှာပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးရပါမယ်။ တစ်ကြိမ်လုပ်ရင် အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပေးရမှာပါ။ တစ်ဖက်ကို အနည်းဆုံး ၃ ကြိမ်စီ လုပ်ပေးပါ။