အမျိုးသမီးတိုင်းအတွက် ရင်သားတင်းရင်းလှပစေဖို့ ထိရောက်တဲ့ ယောဂကျင့်စဉ် ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂကျင့်ရတာကတော့ လေ့ကျင့်ခန်းလုပ်ရတာထက် ပိုလွယ်ကူပြီး လိုက်လုပ်ရတာလည်း အဆင်ပြေမှာပါ။

Trikonasana

ပုံမှာပြထားတဲ့ Trikonasana ကျင့်စဉ်အတိုင်း စက္ကန့် ၃၀ နေပေးရမှာပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း မတ်တပ်ပြန်ရပ်ပြီး နောက်တစ်ဖက်ကိုပြောင်းလုပ်ပြီး စက္ကန့် ၃၀ ထပ်နေပေးရပါမယ်။ ဘယ်၊ ညာ နှစ်ဖက်လုံးလုပ်ပြီးရင် နောက်ထပ် ၄ ကျော့ ထပ်လုပ်ပေးပါ။ စုစုပေါင်း ၅ ကျော့လုပ်ရမှာပါ။

Dhanurasana

ပုံမှာပြထားတဲ့ Dhanurasana ကျင့်စဉ်အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ ဒီကျင့်စဉ်မှာတော့ ခြေထောက်ကို ကိုယ်ဆွဲယူပြီး မြှောက်နိုင်သလောက်ပဲ လုပ်ပေးပါ။ လုပ်ရင်းနဲ့မှ အကြောပျော့ပြီး ရလာပါလိမ့်မယ်။ ဖြေးဖြေးချင်းစီ ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ပေးပါ။ အချိန်ပြည့်ရင် ၅ စက္ကန့်နားပြီး နောက်ထပ် ၄ ကျော့ ထပ်လုပ်ပေးပါ။

Ustrasana

ဒီ Ustrasana ကျင့်စဉ်မှာလည်း ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ ပခုံးနဲ့ ခြေထောက်နဲ့က တစ်ပြေးညီထဲ ဖြစ်နေရပါမယ်။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အချိန်ပြည့်ရင် ၅ စက္ကန့်နားပြီး ၄ ကျော့ ထပ်လုပ်ပေးရပါမယ်။

Bhujangasana

Bhujangasana ကျင့်စဉ်ကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ ခြေထောက်ကိုဆန့်ထုတ်ပြီး ခါးကိုမတ်ကာ ခေါင်းမော့ထားရပါမယ်။ လက်နှစ်ဖက်ကလည်း ပုံထဲကအတိုင်းပဲ သေချာထောက်ထားပေးကပါ။ ဒီအတိုင်း စက္ကန့် ၃၀ နေပေးပြီး ၅ စက္ကန့်နားပါ။ ပြီးရင် နောက်ထပ် ၄ ကျော့ ထပ်လုပ်ပေးပါ။