မျက်နှာထက် လည်ပင်းက ပိုမဲနေတာမျိုး ဂုတ်က အရမ်းမဲနေတာမျိုး ဖြစ်တဲ့သူတွေအတွက် လည်ပင်းနဲ့ဂုတ်မဲတာကို သက်သာအောင် လုပ်ပေးနိုင်တဲ့ လွယ်ကူသောနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ပုံမှန်လေးလုပ်သွားမယ်ဆိုရင် မဲတာတွေ ဖြေးဖြေးချင်းစီ သက်သာလာပြီး အသားအရောင် ပြန်ညီလာမှာပါ။

Apple Cider Vinegar

Apple Cider Vinegar – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို ရောမွှေပြီး ဂွမ်းလုံးလေးနဲ့တို့ယူပြီး လည်ပင်းနဲ့ ဂုတ်ကို ပွတ်ပေးပါ။ နေရာအနှံ့ များများလေးပွတ်ပေးပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ပြီးရင်တော့ Moisturizer ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။ တစ်နေ့တစ်ကြိမ် နေ့တိုင်းလုပ်သွားပေးပါ။

Vitamin E Oil

ညအိပ်ယာဝင်ခါနီးမှာ Vitamin E Capsules အလုံးလေး ၃ လုံးကို ဖောက်ပြီးတော့ လည်ပင်းနဲ့ဂုတ်ကို နှံ့အောင်လိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်ကျမှ ရေနဲသန့်စင်ပေးပါ။ ဒီနည်းလမ်းကို ရွေးလုပ်မယ်ဆိုရင်လည်း ညတိုင်း လုပ်ပေးရပါမယ်။

ဒိန်ချဉ်နဲ့သံပယိုရည်

ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး လည်ပင်းနဲ့ဂုတ်နဲ့ကို လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေနဲ့သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်ရင်လည်း နေ့တိုင်းလုပ်ပေးရမှာပါ။

သံလွင်ဆီနဲ့သံပယိုရည်

သံလွင်ဆီနဲ့သံပယိုရည်ကို ဆတူရောမွှေပြီး ညအိပ်ယာဝင်ခါနီးတိုင်း လည်ပင်းနဲ့ဂုတ်ကို လိမ်းပေးပါ။ မနက်ရောင်မှ ရေနဲ့ပြန်သန့်စင်ပါ။ နေ့တိုင်း မပျက်မကွက် လုပ်သွားမယ်ဆိုရင် တစ်လလောက်ဆို သိသိသာသာကို သက်သာလာတာ တွေ့ရမှာပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုန်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး လည်ပင်းနဲ့ဂုတ်ကို လိမ်းပေးပါ။ လိမ်းထားတာ ခြောက်သွားပြီဆိုမှ ရေနဲ့ပြန်သန့်စင်ပေးပါ။ ပြီးရင်တော့ Moisturizer ပြန်လိမ်းပေးဖို့ လိုပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ရက်ခြားတစ်ခါလောက်ပဲ လုပ်ပေးရင် ရပါတယ်။