ဝက်ခြံပေါက်ပြီးပျောက်သွားရင် မျက်နှာမှာ အမာရွတ်တွေကျန်ခဲ့ပါတယ်။ ဒီအမာရွတ်တွေကို ပျောက်အောင်လုပ်ဖို့ဆိုရင် skincare သုံးလည်းရသလို၊ သဘာဝနည်းလမ်းတွေသုံးလို့လည်း ရပါတယ်။ သဘာဝနည်းလမ်း သုံးချင်တဲ့သူတွေအတွက်တော့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို ပျစ်ပျစ်လေးဖြစ်သွားအောင် ကြိတ်တာပဲဖြစ်ဖြစ်၊ ချေတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင်တော့ မျက်နှာတစ်ပြင်လုံးကိုလိမ်းထားလိုက်ပါ။ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထားပေးလို့ရပါတယ်။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။
ခရမ်းချဉ်သီးမှာက ဗီတာမင်ကြွယ်ဝစွာပါလို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ အမာရွတ်တွေကို ဖြေးဖြေးချင်းစီ ပါးသွားစေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။
သံပယိုရည်
သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့အရည်တွေကို အမာရွတ်ပေါ် တိုက်ရိုက်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။
သံပယိုရည်ကတော့ ဝက်ခြံအမာရွတ်တွေကို အမြန်ဆုံးသက်သာစေတဲ့ နည်းလမ်းပါပဲ။ အသားအရေကိုလည်း bright ဖြစ်လာစေပါတယ်။
အာလူး
အာလူးကို အချပ်လေးတွေလှီးပြီး အမာရွတ်ပေါ်မှာ ကပ်ပေးတာပဲဖြစ်ဖြစ်၊ အာလူးကိုခြစ်ပြီး အဝတ်ထဲထည့်၊ အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ အမာရွတ်ပေါ်လိမ်းပေးတာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့နည်းလမ်းကို လုပ်နိုင်ပါတယ်။ ၁၅ မိနစ်ထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။
အာလူးကတော့ အသားအရေကိုတင်းရင်းစေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ပါးလာစေပါတယ်။
ပဲနီလေးနဲ့နွားနို့
ပဲနီလေးနဲ့နွားနို့ကို ရောကြိတ်ပြီး ရလာတာကိုမှ မျက်နှာမှာလိမ်းပြီး ပေါင်းတင်ပေးရမှာပါ။ တစ်နာရီလောက်ထားပြီး မျက်နှာသစ်လိုက်လို့လည်းရသလို၊ ညအိပ်ခါနီးလုပ်ပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်လို့လည်း ရပါတယ်။
ဒီနည်းလမ်းကလည်း ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပါးသွားစေပါတယ်။