အံဆုံးနာတာက တော်တော်များများဖြစ်ကြပါတယ်။ နာလိုက် ပြန်ပျောက်လိုက်၊ မေ့လောက်ပြီဆို ပြန်နာလိုက်နဲ့ ဖြစ်ကြပါတယ်။ ဒီလိုအံဆုံးနာတာကို သက်သာသွားအောင် ကူညီပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေရှိတာကြောင့် လုပ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

အုန်းဆီ

အုန်းဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းကို ပါးစပ်ထဲထည့်ငုံပြီး ၁၅ မိနစ်လောက် ပလုတ်ကျင်းပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပလုတ်ကျင်းပြီး ပါးစပ်ကိုဆေးပါ။ ဒီနည်းလမ်းကတော့ မနက်တိုင်း သွားမတိုက်ခင်မှာ လုပ်ပေးရမှာပါ။

Peanut Butter

Peanut Butter ကို လက်ညှိုးနဲ့ကလော်ယူပြီး ကိုက်နေတဲ့၊ နာနေတဲ့ အံဆုံးသွားနေရာကို တိုက်ရိုက်အုံထားလိုက်ပါ။ ဒါကတော့ ကိုယ်အဆင်ပြေတဲ့အချိန် နေ့တိုင်းလုပ်ပေးရမှာပါ။ Peanut Butter ကြိုက်တဲ့သူတွေအတွက်တော့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။

ဆားရည်

ရေနွေးတစ်ဖန်ခွက်ထဲကို ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်မွှေပြီး မိနစ်အနည်ငယ်ငုံထားကာ ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ရပါမယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၂ တက်ကို အခွံခွာပြီး ထောင်းပြီး ကိုက်နေတဲ့၊ နာနေတဲ့ အံဆုံးသွားနေရာမှာ တိုက်ရိုက်အုံထားလိုက်ပါ။ ဒီနည်းလမ်းကတော့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးရပါမယ်။

photo source: www.freepik.com