တစ်နေ့တာလုံး စိတ်ကြည်လင်ပြီး ပေါ့ပါးလန်းဆန်းစေဖို့အတွက် မနက်အိပ်ယာနိုးတာနဲ့ ဒီယောဂ ၄ မျိုးကို လုပ်ပေးပါ။ လုပ်ရတာလည်း အရမ်းလွယ်ကူရိုးရှင်းပါတယ်။ အိပ်ယာနိုးနိုးချင်း ကိုယ့်အိပ်ယာထဲမှာပဲ လုပ်ပေးလို့တောင် ရပါတယ်။

ယောဂ ၁

ဖနောင့်နဲ့တင်ပါးကို ထိအောင်နေပါ။ ပြီးရင် လက်နှစ်ဖက်က ပုံမှာလုပ်ပြထားတဲ့အတိုင်း အရှေ့ကို ဆန့်ထုတ်ထားပါ။ နဖူးက ကြမ်း (သို့) အခင်းနဲ့ ထိထားပါ။ အဲ့အတိုင်းနေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ကာ ၃ မိနစ်လောက် နေပေးပါ။

ယောဂ ၂

ပုံမှာလုပ်ပြထားသလို မျက်စိမှိတ်၊ ခါးကို မတ်မတ်ထားပြီး ထိုင်ပေးပါ။ အဲ့လိုထိုင်နေရင်းနဲ့ အသက်ကို ရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်းရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ဒါလည်း ၃ မိနစ်လောက် လုပ်ပေးပါ။

ယောဂ ၃

ခြေထောက်နှစ်ဖက်ကို ကလေးတွေလိုမြှောက်ပြီး လက်နှစ်ဖက်က ခြေဖဝါးကိုထိကိုင်ထားပါ။ အဲ့အတိုင်း ၁ မိနစ်မှ ၃ မိနစ်အထိ နေပေးပါ။

ယောဂ ၄

လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားသလို လက်နည်းနည်းကားထားပြီး ခြေထောက်နှစ်ဖက်ကတော့ ကွေးပြီး ခြေဖဝါးနှစ်ဖက်ကို ကပ်ထားရပါမယ်။ အဲ့အတိုင်းနေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးသွားပါ။ မျက်စိလည်းမှိတ်ထားပါ။ ၃ မိနစ်ကနေ ၅ မိနစ်အထိ နေပေးနိုင်ပါတယ်။

ဒီယောဂတွေကို နေ့တိုင်း မနက်တိုင်း ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊ Stress တွေ၊ ပင်ပန်းတာတွေ လျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေလို့ တစ်နေ့တာလုံးအတွက် Active ဖြစ်နေစေပါတယ်။ အညောင်းအညာလည်း ပြေစေပါတယ်။