အမြဲလိုလိုခါးနာတတ်တဲ့သူတွေအတွက် ခါးနာတာကိုသက်သာစေမယ့် အလွယ်ကူဆုံးသော လေ့ကျင့်ခန်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။ ခါးလည်းနာတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်ဘူး၊ လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းတယ်ဆိုတဲ့သူတွေက ဒီလေ့ကျင့်ခန်း ၄ ခုကိုတော့ လုပ်ပေးသင့်ပါတယ်။ အချိန်လည်း ၅ မိနစ်လောက်ပဲပေးရတာပါ။

လေ့ကျင့်ခန်း ၁

အရင်ဆုံးနောက်မှီပါတဲ့ခုံမှာထိုင်ပြီး ခြေထောက်တစ်ဖက်က ပုံထဲကလို ပေါင်ပေါ်တင်ထားပါ။ အဲ့အတိုင်း အရှေ့ကိုနည်းနည်းကုန်းလိုက်၊ နောက်ပြန်မှီလိုက်နဲ့ စက္ကန့် ၃၀ ပြည့်အောင် ဆက်တိုက်လုပ်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ကြမ်းမှာလှဲအိပ်ပြီး ခြေထောက်တစ်ဖက်ကိုဆင်းထားပါ။ နောက်ခြေထောက်တစ်ဖက်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ကိုင်ပြီးကွေးပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ဆင်းပြီး ခုနကဆင်းထားတဲ့ခြေထောက်ကို ပုံထဲကလိုကွေးပြီး လက်နဲ့ပြန်ကိုင်ကာ စက္ကန့် ၃၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်းကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းလေး ခြေထောက်ကိုတစ်ဖက်ကို ထောက်ထားပြီး စက္ကန့် ၃၀ နေပေးဖို့ပါပဲ။ အချိန်ပြည့်ရင် ဘယ်ညာတစ်လှည့်စီပြောင်းပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၄

ခြေထောက်နှစ်ချောင်းကို ပုံမှာပြထားတဲ့အတိုင်းမြှောက်ပြီး ယှက်ထားပါ။ လက်ကခြေထောက်ကိုပိုက်သလိုမျိုး လုပ်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး စက္ကန့် ၃၀ လုပ်နေပေးပါ။

ဒီလေ့ကျင့်ခန်း ၄ မျိုးကိုသာ နေ့တိုင်းလုပ်ပေးသွားရင် ခါးနာတာက သိသိသာသာကို သက်သာသွားပါလိမ့်မယ်။ အညောင်းအညာပြေစေတာကြောင့် ခါးနာတာပျောက်သွားလည်း ဆက်လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။