လမ်းလျှောက်ရတာများတဲ့သူ၊ မတ်တပ်ရပ်ရတာများတဲ့သူတွေဆိုရင် ခြေမျက်စိအောက်ပိုင်းဖြစ်တဲ့ ခြေဖမိုး၊ ခြေဖဝါးတွေက အမြဲနာကျင်ကိုက်ခဲနေတတ်ပါတယ်။ တစ်ခါတစ်လေမှဖြစ်တာဆိုရင် ဆေးလိမ်းရုံနဲ့ သက်သာပြီး ပျောက်သွားပါတယ်။ ဒါပေမယ့် အမြဲတမ်း၊ ခဏခဏနာကျင်ကိုက်ခဲနေရင်တော့ သက်သာသွားအောင် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ဒါကြောင့် ခြေမျက်စိအောက်ပိုင်း နာကျင်ကိုက်ခဲတာကို သက်သာစေမယ့်လေ့ကျင့်ခန်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ခြေသုတ်ပုဝါတစ်ခုကို ကြမ်းပြင်မှာချပြီး ခြေချောင်းလေးတွေနဲ့ ရအောင်ညှပ်ယူရပါမယ်။ ခြေချောင်းလေးတွေနဲ့ ခြေသုတ်ပုဝါကိုညှပ်ယူလိုက်၊ ခြေချောင်းတွေကို ပြန်ဖြန့်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ်နဲ့ ခြေထောက်နှစ်ဖက်လုံး လုပ်ရမှာပါ။ ခြေချောင်းလေးတွေ ကိုက်ခဲတာ၊ နာကျင်တာကို သက်သာစေပါတယ်။

ထိုင်ခုံမှာထိုင်ပြီး တင်းနစ်ဘောလုံးကို ခြေဖဝါးအောက်မှာထားတာ ၂ မိနစ်လောက် လှိမ့်နေပေးရပါမယ်။ ဘယ်ခြေဖဝါးနဲ့ ၂ မိနစ်၊ ညာခြေဖဝါးနဲ့ ၂ မိနစ်လုပ်ပေးရမှာပါ။ ခြေဖဝါးနာကျင်တာ၊ ညောင်းညာတာကို သက်သာစေပါတယ်။

ပုံမှာပြထားသလို လေ့ကျင့်ခန်းလုပ်တဲ့ သားရေကြိုးကြီးတွေ အပြင်မှာရောင်းပါတယ်။ ဒီသားရေကြိုးကြီးရဲ့ ကွင်းမှာ ခြေထောက်တစ်ဖက်ကို ထည့်ထားပြီး နောက်ခြေထောက်တစ်ဖက်နဲ့ သားရေကြိုးကို တက်နင်းထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်းထိုင်းပြီး ကွင်းမှာထည့်ထားတဲ့ခြေထောက်ကို လက်နဲ့ဆွဲတင်လိုက်၊ ပြန်ချလိုက် လုပ်ပေးရမှာပါ။ ဘယ်၊ ညာ တစ်လှည့်စီ ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။ ခြေထောက်နာကျင်ကိုက်ခဲတာ တော်တော်သက်သာစေပါတယ်။

အလုပ်လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ထိုင်တဲ့အချိန်မှာပဲဖြစ်ဖြစ် ဖိနပ်ကို ချွတ်ထိုင်ပါ။ အထူးသဖြင့် အပိတ်ဖိနပ်စီးတဲ့သူတွေက ပိုနာပါတယ်။ ဒါကြောင့် အမြဲစီးမထားပဲ ချွတ်ထားပါ။ ပြီးရင် လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်နေရင်းနဲ့ ခြေထောက်ကို ကြမ်းနဲ့ထိထားပါ။ ပြီးရင် ထိပ်ပိုင်းလေးကို ကော့လိုက်၊ ပြန်ချလိုက်နဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

Source: www.brightside.me