သွားကိုက်ရင်ခံရခက်တာထက် အံဆုံးကိုက်ရင်က ပိုပြီးခံရခက်ပါတယ်။ ဒါကြောင့် အံဆုံးကိုက်နေပြီဆိုရင် ကိုယ့်အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ အလွယ်တကူလုပ်လို့ရအောင် အံဆုံးကိုက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ဆားရေနဲ့ပလုပ်ကျင်းပါ

ရေနွေးနွေးလေးထဲကို ဆား တစ်ဇွန်းထည့်ပြီး ပလုပ်ကျင်းပေးပါ။ ပါးစပ်ထဲမှာ မိနစ်အနည်းငယ်လောက်ငုံထားပြီးမှ ထွေးထုတ်ပါ။ ၅ ကြိမ်လောက် လုပ်ပေးပါ။

မုန့်ဖုတ်ဆိုဒါနဲ့သွားတိုက်ပါ

မုန့်ဖုတ်ဆိုဒါကို သွားပွတ်တံနဲ့ယူပြီး အံအုံးနေရာကိုတိုက်ပေးပါက သက်သာစေပါတယ်။

ရေခဲအိတ်ကပ်ပါ

အံဆုံးကိုက်ရင် ရေခဲအိတ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ တစ်နေ့မှာ ခဏခဏကပ်ပေးလို့ရပါတယ်။ သက်သာစေပါတယ်။

ကြက်သွန်နီကိုက်ပါ

အံဆုံးကိုက်ရင် အံဆုံးနဲ့ ကြက်သွန်နီကို ခဏကိုက်ထားတာမျိုး လုပ်ပေးလို့ရပါတယ်။ အံဆုံးကိုက်တာကို သက်သာစေပါတယ်။

Source: www.brightside.me