အမျိုးသမီးများအတွက် တင်ပါးကျစ်လစ်ပြီး တင်းရင်းလာစေဖို့ ထိရောက်မှုရှိပြီး လုပ်ရတာလည်းလွယ်ကူတဲ့ Donkey Kick Exercise 4 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Donkey Kick Exercise တွေကတော့ အများကြီးရှိပေမယ့် အဲ့ထဲကမှ လူတိုင်းလုပ်ရတာ အဆင်ပြေမယ့် 4 မျိုးကိုပဲ ရွေးပေးထားပါတယ်။ တစ်ပတ်မှာ 4 ရက်၊ 5 ရက်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ Result ကို ရရှိမှာပါ။

Donkey Kick Exercise တွေလုပ်ဖို့အတွက် ယောဂဖျာ၊ လေ့ကျင့်ခန်းလုပ်တဲ့ဖျာတော့ ရှိရပါမယ်။ အဲ့ဒါမှ လုပ်ရတာအဆင်ပြေမှာပါ။

Basic Donkey Kick

အရင်ဆုံး လက်နှစ်ဖက်ကို ကြမ်းမှာထောက်ပြီး ဒူးတစ်ဖက်ထောက်ပါ။ နောက်ခြေထောက်တစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း ကွေးပြီးအပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးပါ။ တင်ပါးကိုအားထည့်ပြီး လုပ်ပေးပါ။ အဲ့အတိုင်း 15 ကြိမ် လုပ်ရပါမယ်။ အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် 15 ကြိမ် ထပ်လုပ်ပေးပါ။

Straight Leg Donkey Kick

ခုနကလိုပဲ လက်နှစ်ဖက်ကို ကြမ်းမှာထောက်ပြီး ဒူးထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အနောက်ကိုဆန့်ထုတ်လိုက်၊ ဒူးပြန်ထောက်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း ဘယ် 15 ကြိမ်၊ ညာ 15 ကြိမ်စီ လုပ်ပေးပါ။

Donkey Kick Circle

ဒီလေ့ကျင့်ခန်းကျတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း နေပြီးတော့ မြှောက်ထားတဲ့ခြေထောက်ကို စက်ဝိုင်းပုံစံ လှည့်ပေးရမှာပါ။ 10 ကြိမ်လှည့်ပြီးရင် နောက်ခြေထောက်တစ်ဖက် ပြောင်းပြီးတော့ အဲ့အတိုင်း ထပ်လုပ်ပေးပါ။

Prone Hip Extension

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့အတိုင်း မှောက်နေရမှာပါ။ လက်ကိုလည်း ကြမ်းမှာကပ်ထားရပါမယ်။ အဲ့အနေအထားနဲ့ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ 15 ကြိမ် လုပ်ပေးရမှာပါ။ ပြီးရင် နောက်ခြေထောက်တစ်ဖက်ကိုလည်း အဲ့အတိုင်းပဲ ထပ်လုပ်ပေးပါ။

လုပ်နိုင်တဲ့သူဆိုရင် 4 မျိုးလုံး လုပ်ပြီးတာနဲ့ ခဏနားပြီး အားလုံးကို နောက်တစ်ကြော့ ထပ်လုပ်လို့ရပါတယ်။