တစ်နေကုန်နီးပါး ခုံရှေ့ထိုင်ပြီး အာရုံစိုက်အလုပ်လုပ်ရတဲ့သူတွေအတွက် မလှုပ်မရှားဘဲ နေမိလို့ ကျန်းမာရေးနဲ့ မညီညွတ်ပဲ ဝိတ်တက်လာတာမျိုးမဖြစ်ရအောင် ဒီတစ်ခေါက်မှာ ဒီတိုင်းထိုင်နေတာထက်စာရင် အလုပ်လုပ်ရင်းနဲ့ အချိန်ခဏလေးပေးပြီး အလွယ်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းအချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို အားရင်အားသလို တစ်နေ့ ဆယ်မိနစ်စီ နှစ်ကြော့ (သို့) သုံးကြော့လောက်ပြုလုပ်ပေးမယ်ဆိုရင် သင့်ကိုစိတ်ရောကိုယ်ပါပေါ့ပါးစေပြီး အလုပ်ပိုပြီးစေဖို့ပါ ကူညီပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။

၁။ အကြောလျှော့လေ့ကျင့်ခန်းများ


အကြောလျှော့လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်တစ်ခုလုံးက တင်းရင်းနေတဲ့အကြောတွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုလျော့နည်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အများစုအလုပ်လုပ်တဲ့အခါ အကြောတွေတင်းနေတတ်တဲ့ လည်ပင်း၊ ပုခုံးနဲ့ ခြေထောက်လို နေရာတွေအတွက် အကြောပြေစေမယ့် Stretch လေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးသင့်ပါတယ်။

၂။ စားပွဲခုံနဲ့ Push Ups လေ့ကျင့်ခန်း

Photo Source: Greatist

အလုပ်လုပ်ရင်းပြုလုပ်နိုင်တဲ့နောက်ထပ်လေ့ကျင့်ခန်းကတော့ ခုံ ဒါမှမဟုတ် နံရံကိုအားပြုပြီး Push Ups လုပ်ရတာပဲဖြစ်ပါတယ်။ ဒါက မလှုပ်ရှားဖြစ်တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေကို အလုပ်ပေးလိုက်သလိုဖြစ်စေပြီး သင့်ခန္ဓာကိုယ်ကို ပိုကျစ်လျစ်ကြံံ့ခိုင်လာစေဖို့ထောက်ပံ့ပေးနိုင်မှာပါ။

၃။ ပုခုံးလှည့်လေ့ကျင့်ခန်း


အချိန်အတော်ကြာ စားပွဲခုံရှေ့ထိုင်အလုပ်လုပ်ရတာက သင့်ပုခုံးတွေကိုအဓိက သက်ရောက်နိုင်ပြီး သက်တောင့်သက်သာမရှိ ဖြစ်စေတာကြောင့် ပုခုံးအတွက်လိုအပ်တဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ ပုခုံးအတွက် ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ ဥပမာ အားတဲ့အချိန်မှာ သင့်ပုခုံးကို အရှေ့၊ အနောက်လှည့်တာ အပေါ်တင်အောက်ချတာမျိုးတွေ ပြုလုပ်ပေးပါ။

၄။ အသက်ရှုလေ့ကျင့်ခန်း

နောက်ထပ် အချိန်သီးသန့်ပေးစရာမလိုဘဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကတော့ အသက်ရှုလေ့ကျင့်ခန်းပါပဲ။ သူက Covid လိုရောဂါတွေသက်သာကာ ကျန်းမာရေးကောင်းစေတဲ့အပြင် စိတ်ပူပန်ဖိစီးမှုတွေလျှော့ချနိုင်ပြီး အာရုံစိုက်အားကောင်းလာစေဖို့အတွက်ပါ ကူညီပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar