အမျိုးသမီးတွေက အသက်ကြီးလာရင် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ပင်ပန်းတာတွေ လုပ်ဖို့အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းကတော့ နေ့တိုင်း လုပ်ပေးနိုင်လေ ကောင်းလေပါပဲ။ ဒါကြောင့် အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသမီးတွေအတွက် နေ့တိုင်းလုပ်ပေးသင့်တဲ့ အလွယ်ကူဆုံးလေ့ကျင့်ခန်း ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် မနက်ပိုင်းမှာ လုပ်ပေးရပါမယ်။
Plank ထောက်ပါ
ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၉၀ Plank ထောက်ပေးပါ။ အချိန်ပြည့်ရင် ပြန်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။ ဒီလို Plank ထောက်ပေးခြင်းက ခါးနာတာသက်သာစေပြီး ဝမ်းဗိုက်အဆီတွေလည်း ကျစေပါတယ်။
Elliptical စက်နဲ့လေ့ကျင့်ခန်းလုပ်ပါ
Elliptical စက်နဲ့ လေ့ကျင့်ခန်းပေးခြင်းက အသက် ၄၀ ကျော်အမျိုးသမီးတွေအတွက် နှလုံးကျန်းမာစေပါတယ်။ Elliptical စက်နဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ မိနစ် ၃၀ လုပ်ပေးရပါမယ်။ နေ့တိုင်းလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ ၃ ကြိမ်၊ ၄ ကြိမ် လုပ်ပေးရင် ရပါပြီ။
လမ်းလျှောက်ပါ
လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကတော့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။ မနက်စောစောထပြီး အနည်းဆုံး မိနစ် ၃၀ ကနေ ၁ နာရီထိ လမ်းလျှောက်ပေးပါ။ ဒီလိုလမ်းလျှောက်ပေးခြင်းက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်ကျစေတယ်။ စိတ်ခံစားချက်ကောင်းစေတယ်။ သက်လုံကောင်းစေပါတယ်။
ယောဂကျင့်ပါ
ယောဂကျင့်တာဟာ စိတ်တည်ငြိမ်အေးချမ်းစေတယ်၊ စိတ်ဖိစီးမှုနဲ့ စိတ်ညစ်စရာတွေ လျော့ကျစေတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခေါင်းကြည်စေပါတယ်။
source: www.brightside.me