Body Scrub လုပ်ပေးခြင်းက အသားအရေစိုပြည်ပြီး ကြည်လင်စေတယ်၊ ဆဲလ်သေတွေဖယ်ရှားပေးပြီး၊ အသားအရည်ပိုကောင်းလာစေတယ်။ ဒီလိုအလှအပအတွက် အကျိုးရှိရုံတင်မကပဲ ကျန်းမာရေးအတွက် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါတော့ ပုံမှန်လေး Scrub လုပ်ပေးသင့်ပါတယ်။ လုပ်ပြီးသား Scrub တွေဝယ်သုံးလို့လည်းရပေမယ့် ပိုက်ဆံအရမ်းမကုန်ပဲ ကိုယ်တိုင်လုပ်ပြီး သုံးချင်တဲ့သူတွေအတွက် Body Scrub လေးမျိုး လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
Coffee Scrub
ကော်ဖီမှုန့်အကြမ်း – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြားညိုတို့ကို သင့်တော်သလောက်ထည့်ပြီး သမအောင်မွှေလိုက်ပါ။ ပြီးရင်တော့ လုပ်နေကျအတိုင်း Scrub လုပ်နိုင်ပါပြီ။
Honey Lemon Sugar Scrub
အုန်းဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သံလွင်ဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သကြားဖြူ – ခွက်တစ်ခွက်စာ၊ သကြားညို – ခွက်တစ်ဝက်စာနဲ့ သံပုယိုရည် – တစ်လုံးကိုအရည်ညှစ်ချပြီး သမအောင်နယ်လိုက်ပါ။ ပြီးရင်တော့ လုပ်နေကျအတိုင်း Scrub လုပ်နိုင်ပါပြီ။
Oatmeal Honey Sugar Scrub
သကြားညို – ခွက်တစ်ဝက်စာ၊ သကြားဖြူ – ခွက်တစ်ခွက်စာ၊ Oats – ခွက်တစ်ဝက်စာ၊ ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ safflower oil – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာနဲ့ essential oil – အနည်းငယ်တို့ကိုထည့်မွှေပြီး လုပ်နေကျအတိုင်း Scrub လုပ်ပေးနိုင်ပါပြီ။
Sugar Scrub
သကြားဖြူ – ခွက်တစ်ခွက်စာ၊ သကြားညို – ခွက်တစ်ခွက်စာ၊ အုန်းဆီ – ခွက်တစ်ဝက်စာနဲ့ သံလွင်ဆီ – ခွက်တစ်ဝက်စာတို့ကို ရောနယ်ပြီးတော့လည်း Scrub ပြုလုပ်နိုင်ပါတယ်။