ဝက်ခြံထွက်လို့ ကျန်ခဲ့တဲ့အမဲစက်ပဲဖြစ်ဖြစ်၊ မျက်နှာပေါ်မှာရှိတဲ့အမဲစက်တွေ ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ အိမ်တွင်းဖြစ်နည်းလမ်းတွေမဟုတ်ပဲ နည်းလမ်းမှန်မှန်နဲ့ ပျောက်အောင်ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Vitamin C

Vitamin C က အမဲစက်တွေပျောက်စေတဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး skincare ပါပဲ။ Vitamin C ပါတဲ့ Skincare တွေကို သုံးခြင်းဖြင့် အမဲစက်တွေကို နည်းလမ်းမှန်မှန်နဲ့ ပျောက်အောင်လုပ်နိုင်ပါတယ်။

Lasers (လေဆာ)

ငွေကုန်ကြေးကျတတ်နိုင်တယ်ဆိုရင်တော့ ထိရောက်ပြီးမြန်ဆန်အောင် မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေကို Lasers (လေဆာ) ပစ်ပြီး ကုသနိုင်ပါတယ်။

Chemical peels

Chemical peels လုပ်ပြီးတော့လည်း treatment တွေ ပုံမှန်လုပ်ပေးသွားရင် မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေကို ပျောက်အောင်လုပ်နိုင်ပါတယ်။ အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် ကိုယ့် skin ကို ပစ်မထားပဲ သေချာဂရုစိုက်ဖို့ပါပဲ။

Skincare

အမဲစက်တွေပါးသွားပြီး တစ်ဖြေးဖြေးနဲ့ပျောက်သွားစေမယ့် skincare product တွေ ရှိပါတယ်။ ဥပမာအားဖြင့် snail နဲ့ တည့်တဲ့သူဆိုရင် snail essence တွေသုံးရင် အမဲစက်တွေ ပါးလာစေပါတယ်။ ဒီလို skincare တွေသုံးပြီးတော့လည်း နည်းလမ်းမှန်မှန်နဲ့ မျက်နှာပေါ်မှာရှိတဲ့အမဲစက်တွေကို ပျောက်သွားအောင်လုပ်နိုင်ပါတယ်။

source:www.self.com