မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ကိုယ်တိုင် ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာမျိုး ကြုံဖူး၊ တွေ့ဖူးကြမယ် ထင်ပါတယ်နော်။ ဒီလို အရွယ်မတိုင်ခင် ဆံပင်ဖြူထွက်တာက ကိုယ်တွင်းဟော်မုန်းကြောင့်လည်းဖြစ်တတ်သလို စိတ်ဖိစီးမှုများတာ၊ ဆံပင်မှာသုံးတဲ့ Product တွေနဲ့ မတည့်တာတွေအပြင် တစ်ခါတစ်လေ မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။

သင်ကိုယ်တိုင်လည်း အကြောင်းအမျိုးမျိုးကြောင့် ငယ်ငယ်လေးနဲ့ ဆံပင်ဖြူထွက်တတ်တဲ့သူဆိုရင်တော့ ထပ်မပေါက်အောင် ထိန်းသိမ်းနိုင်မယ့်နည်းတွေကို သိထားဖို့လိုလာပါပြီ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံပင်ဖြူတာသက်သာဖို့ အကျင့်လုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Chemical တွေနဲ့မထိအောင် တတ်နိုင်သလောက်ရှောင်ပါ

ဆံပင်ဖြူတာသက်သာဖို့ ပထမဆုံးလုပ်ရမှာက ဆံသားနဲ့ ဦးရေပြားကို ဓာတုပစ္စည်းများတဲ့ ပစ္စည်းတိုင်းနဲ့ မထိတွေ့အောင် ထားရမှာပါ။ ဆံသားသန့်စင်တဲ့အခါတိုင်း Chemical နည်းတဲ့ ခေါင်းလျှော်ရည်၊ ပေါင်းဆေး အာနိသင်အပျော့တွေပဲ ရွေးသုံးပေးပါ။ ဆံသားကို အားဖြည့်ပေးနိုင်မယ့် Antioxidant တွေနဲ့လုပ်ထားတဲ့ Product မျိုးရွေးချယ်ပေးရင် ပိုကောင်းပါတယ်။

အဆီနည်းပြီး ကျန်းမာရေးနဲ့ညီတာတွေ စားပေးပါ

ဆံပင်က ခန္ဓာကိုယ်တွင်းက လိုအပ်တဲ့အာဟာရတွေကို စုပ်ယူပါတယ်။ သင်က ဗီတာမင်၊ ပရိုတင်းဓာတ်စတဲ့ အာဟာရဖြစ်စေမယ့်အစားအသောက်တွေစားပေးမှ ဆံသားထဲကိုလည်း အဆီအနှစ်တွေ စိမ့်ဝင်စေမှာပါ။ ဆံသားအားပြည့်နေရင် အရောင်လွင့်ပြီး ဖြူလာတာမျိုး မဖြစ်လာတော့ပါဘူး။

အပူဒဏ်ကနေ ကာကွယ်ပါ

ဆံသားကို အပူနဲ့တိုက်ရိုက်ထိတွေ့တာများရင်လည်း ဆံပင်ဖြူစေတာမို့ အပူစက်တွေ၊ နေရောင်တွေနဲ့ ထိတွေ့မှုကို တတ်နိုင်သလောက် လျှော့ချပေးပါ။ မဖြစ်မနေထိတွေ့ရတဲ့အခါ အပူခံ Spray သေချာသုံးတာ၊ အကာအကွယ်မပါဘဲ အပြင်လုံးဝမထွက်တာမျိုး လုပ်ပေးဖို့ အရေးကြီးပါတယ်နော်။

ဆေးဖက်ဝင်သဘာဝပစ္စည်းတွေက အကောင်းဆုံးပါပဲ

ဆေးဖက်ဝင်တဲ့ သဘာဝပစ္စည်းတွေက သေချာသုံးတတ်ရင် သုံးတတ်သလို ဆံသားကို တော်တော်များများအားဖြည့်ပေးနိုင်ပါတယ်။ ဆံနွယ်တွေအိစင်းပြီး ဆံပင်ဖြူတာပါ သက်သာစေတာမို့ ဗီတာမင်စီများတဲ့ အသီးတွေ၊ သဘာဝအပင်ရဲ့ အဆီအနှစ်တွေနဲ့ထုတ်ထားတဲ့ Oil နဲ့ Shampoo တွေကို ရွေးသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar