အနေနီးနေတဲ့ချစ်သူတွေမှာတောင် ခဏခဏပြဿနာတက်ကြတာ အနေဝေးနေရတဲ့သူတွေမှာဆို ပိုဆိုးပါတယ်။ ပြဿနာဖြစ်ကြရင် အပြင်မှာတွေ့လို့လည်းမရတော့ ပိုအခက်တွေ့ရပါတယ်။ များသောအားဖြင့်တော့ အနေဝေးနေတဲ့ချစ်သူတွေကြားမှာ ဒီပြဿနာ ၄ ခု ပိုဖြစ်တတ်ကြပါတယ်။

အထီးကျန်ရတဲ့ပြဿနာ

တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလည်း မတွေ့ရပဲ အနေဝေးတော့ တစ်ခါတစ်လေမှာဆို အထီးကျန်သလို ခံစားရတတ်ပါတယ်။ အထူးသဖြင့် တစ်ယောက်က အလုပ်များနေချိန်၊ တစ်ယောက်ကအားနေရင် အထီးကျန်ရသလိုပဲ နှစ်ယောက်လုံးအလုပ်တွေနဲ့ ပင်ပန်းနေချိန် မတွေ့ရရင် တခြားအတွဲတွေကိုမြင်တဲ့အခါ သတိရပြီး အထီးကျန်တဲ့ခံစားမှုတွေ ဝင်လာတတ်ပါတယ်။

သဝန်တိုစိတ်နဲ့စိတ်မချတဲ့ပြဿနာ

အမြဲအနေနီးနေတဲ့ ချစ်သူတွေမှာတောင် သဝန်တိုတာ၊ စိတ်မချတာတွေ အရမ်းဖြစ်ကြတာ၊ အနေဝေးနေရတဲ့ ချစ်သူတွေဆို ပိုဆိုးပါတယ်။ ကိုယ့်မျက်စိရှေ့မှာလည်း မဟုတ်ပဲ နောက်ကွယ်မှာဆိုတော့ ပိုစိတ်မချတာတွေ၊ သဝန်တိုစိတ်လွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင် သဝန်တိုလွန်းလို့ စိတ်မချလို့ ချုပ်ချယ်တားမြစ်တာတွေကနေ ပြဿနာတွေဖြစ်ကြပြီး ရန်ဖြစ်စကားများရတာမျိုးတွေလည်း အရမ်းဖြစ်ကြပါတယ်။

ယုံကြည်မှုပြဿနာ

တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေချိန်မှာ ယုံကြည်မှုနဲ့ သစ္စာရှိမှုက အဓိကသော့ချက်ပါပဲ။ ယုံကြည်မှုမရှိရင်တော့ သံသယတွေနဲ့ ပိုခံစားရမှာပါ။ ယုံကြည်တာမခံရတဲ့သူအတွက်လည်း စိတ်ညစ်စရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနေဝေးနေရတဲ့ ချစ်သူတွေမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လိုပါတယ်။ ယုံကြည်အောင်နေဖို့လည်း လိုပါတယ်။

အဆက်အသွယ်မလုပ်တဲ့ပြဿနာ

တွေ့နေရတာလည်းမဟုတ်၊ အနေနီးနေတာလည်းမဟုတ်တော့ အဆက်အသွယ်မလုပ်ရင် အဆင်မပြေပါဘူး။ အလုပ်မအားလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဆက်အသွယ်မလုပ်ပဲ ပစ်ထားရင် ကြာလာတဲ့အခါ ဒီ Relationship က ပြတ်တောက်သွားနိုင်ပါတယ်။ ဒါကြောင့် အနေဝေးနေရင် တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အဆက်အသွယ်လုပ်ပါ။ နေ့တိုင်း ဖုန်းပြေတာ၊ Video Call ပြောတာမျိုး လုပ်ပေးပါ။ အချိန်တိုင်း အားရင်အားသလို စာပို့ပါ။