လူတစ်ယောက်မှာ သွားကျန်းမာရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ သွားကျန်းမာရေးကို အလေးမထားရင် အသက်ငယ်ငယ်လေးနဲ့ သွားတွေမကောင်းတော့တာ၊ သွားနဲ့ပတ်သက်ရင် တစ်ခုပြီးတစ်ခုခံစားနေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးကိုဂရုစိုက်ပြီး သတိထားရှောင်ကြဉ်သင့်တဲ့ အမှား ၄ ခုကိုလည်း မျှဝေပေးလိုက်ပါတယ်။

သွားကိုကြမ်းတမ်းစွာတိုက်ခြင်း

သွားတိုက်တဲ့အခါမှာ အရမ်းကြမ်းကြမ်းတမ်းတမ်းတိုက်တာဟာ သွားနဲ့သွားဖုံး ပျက်စီးစေပါတယ်။ သွားတိုက်တဲ့အခါမှာ နည်းစနစ်မှန်မှန်နဲ့ သေချာတိုက်ပေးဖို့ပဲ လိုပါတယ်။ မနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီး တစ်ကြိမ်တိုက်ရင် လုံလောက်ပါပြီ။ ခဏခဏတိုက်နေရင်လည်း ရေစီးကမ်းပြိုတာမျိုး ဖြစ်တတ်ပါတယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းရင်ရပါပြီ။

သွားဆရာဝန်နဲ့ပုံမှန်မပြခြင်း

တော်တော်များများက မခံနိုင်တော့မှ၊ တစ်ခုခုဖြစ်တော့မှသာ သွားဆရာဝန်ဆီ ပြတတ်တာပါ။ ပုံမှန် သွားကို စစ်ဆေးတာမျိုးတွေ လုပ်တာမျိုးကတော့ လူနည်းစုပဲရှိပါတယ်။ တကယ်တော့ သွားကျန်းမာရေးအတွက် သွားကို ပုံမှန် သွားဆရာဝန်နဲ့ပြတာမျိုး လုပ်ပေးသင့်ပါတယ်။

ဈေးပေါတာကိုရှာဝယ်ခြင်း

သွားတိုက်ဆေးကိုသုံးတဲ့အခါမှာ ဈေးပေါတာကိုရှာဝယ်တာ အရမ်းမှားပါတယ်။ သွားကျန်းမာရေးအတွက် တကယ်ကောင်းတဲ့ သွားတိုက်ဆေးမျိုးကိုပဲ စွဲသုံးသင့်ပါတယ်။ ဈေးပေါပြီး အရည်အသွေးမကောင်းရင် ကိုယ့်သွားကိုလည်း သေချာမသန့်စင်ပေးနိုင်သလို သွားကျန်းမာရေးအတွက်လည်း မထိရောက်ပါဘူး။

ပလုတ်ကျင်းဆေးရည်ကိုသုံးစွဲခြင်း

ပလုတ်ကျင်းဆေးရည်ကို ခဏခဏသုံးတာက သွားကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ပလုတ်ကျင်းဆေးရည်ကို သုံးမယ့်အစား အပ်ချည်ကြိုးနဲ့ Flossing လုပ်တာက ပိုကောင်းပါတယ်။ Flossing လုပ်လို့မှ မပြောင်ဘူးထင်ရင် အစာစားပြီးတိုင်း ရေနဲ့ပလုတ်ကျင်းပေးနိုင်ပါတယ်။