တချို့ကျတော့လည်း ပိုက်ဆံစုမယ်ဆိုပြီး သုံးတဲ့ထဲပါသွားလို့ မစုဖြစ်ကြဘူး။ တချို့ကျတော့လည်း ပိုက်ဆံတော့စုပါတယ် ဒါပေမယ့် စုတဲ့ပမာဏက အရမ်းနည်းတယ်၊ ကိုယ်သုံးချင်တာသုံးပြီး ပိုမှသာ စုကြတယ်။ ဒီလိုပိုက်ဆံစုပုံမျိုးနဲ့ကတော့ ဘယ်တော့မှ ပိုက်ဆံများများစုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သေသေချာချာ ပိုက်ဆံစုချင်တယ်ဆိုရင်တော့ သင့်ကို ပိုက်ဆံပိုစုဖြစ်အောင်ကူညီပေးမယ့် ဒီအလေ့အကျင့်ကောင်းတွေကို လုပ်ကြည့်ဖို့လိုပါတယ်။
Life goal ထားပါ
ကိုယ်ဖြစ်ချင်တဲ့ ဘဝအတွက် တကယ့်ရည်မှန်းချက် Life goals ကိုထားပါ။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကို ထည့်ထားဖို့လည်း လိုပါတယ်နော်။
Want နဲ့ Need ကို သိဖို့လိုပါတယ်
တစ်ခုခုအတွက် ပိုက်ဆံထုတ်သုံးတော့မယ်ဆိုရင် “Want နဲ့ Need” လိုချင်တာလား၊ လိုအပ်တာလားဆိုတာကို သေချာစဉ်းစားပါ။ မဖြစ်မနေလိုအပ်မှသာ ပိုက်ဆံထုတ်သုံးတတ်တဲ့ အကျင့်ကို လုပ်ထားဖို့ လိုပါတယ်။
ပိုက်ဆံစုဖို့ပဲခေါင်းထဲထားပါ
ပိုက်ဆံစုနေပေမယ့် ပိုက်ဆံစုဖို့ ခေါင်းထဲမထားပဲ ပိုမှသာစုမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ပိုက်ဆံပိုစုဖြစ်ချင်ရင်၊ ပိုက်ဆံများများစုဖြစ်ချင်ရင် ပိုက်ဆံစုဖို့ကိုုပဲ ခေါင်းထဲထားပါ။ ပိုရလာရင် ပိုမသုံးပဲ၊ ပိုစုလိုက်ပါ။
ကိုယ့်ဝင်ငွေကိုသေချာတွက်ချက်ပါ
ကိုယ့်ဝင်ငွေကို သေချာတွက်ချက်ပြီး စာရင်းလုပ်ပါ။ ဘယ်အတွက် ဘယ်လောက်သုံးတယ်ဆိုတာမျိုး မှတ်ပါ။ ဒီလမှာ ဒီလောက်ပိုတယ်၊ ဒီလောက်စုလို့ရတယ်ဆိုရင် နောက်လမှာ ဒီထက်ပိုစုဖြစ်အောင် အသုံးစရိတ် ဘာတွေကို လျော့ချလို့ရမလဲဆိုတာကို တွက်ချက်တတ်တဲ့ အကျင့်လေးလုပ်ထားပါ။