ဂျိုင်းပြတ်လေးတွေ ဝတ်တဲ့အခါတိုင်း ယုံကြည်မှုရှိရှိနဲ့ ဂျိုင်းမြှောက်နိုင်ဖို့အတွက်ဆိုရင် ဂျိုင်းကြားအသားအရေက ဖြူဝင်းနေမှဖြစ်မှာနော်။

ဂျိုင်းဖြူဆေးတွေ သုံးတာလည်း အမျိုးကိုစုံနေပေမယ့် ဂျိုင်းက သိသိသာသာဖြူမလာဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် မုန့်ဖုတ်ဆိုဒါနဲ့ ဂျိုင်းဖြူလာအောင် ပြုလုပ်ပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါနဲ့ ရေ

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပန်းကန်လုံးတစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးထဲမှာ ထည့်မွှေပေးလိုက်ပါ။ မွှေပြီးနောက် ရလာတဲ့ အနှစ်များကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းပေးပြီး တစ်မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ ၂၅ မိနစ်၊ မိနစ် ၃၀ ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

မုန့်ဖုတ်ဆိုဒါနဲ့ ထောပတ်သီး

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို ပျစ်ပျစ်လေးဖြစ်သွားအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဂျိုင်းကြားအသားအရေပေါ် သုတ်လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၂ ကြိမ် ပြုလုပ်ပေးရပါမယ်။

မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုသီး

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုသီး တစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို အရည်ညှစ်ပြီးနောက် မုန့်ဖုတ်ဆိုဒါနဲ့ ရောမွှေပေးလိုက်ပါ။ ထို့နောက် ဂျိုင်းကြားထဲသုတ်လိမ်းကာ တစ်မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ ရေအေးလေးနဲ့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါနဲ့ သခွားသီး

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားသော သခွားသီး စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်း နှစ်မျိုးစလုံးကို ရောနှောလိုက်ပါ။ ထို့နောက် သံလွင်ဆီနဲ့ သံပုယိုရည် တစ်စက်၊ နှစ်စက်ခန့် ရောနှောလိုက်ပါ (သံလွင်ဆီနဲ့ သံပုယိုသီးတို့ မထည့်လည်းရပါတယ်)။ ထို့နောက် ထိုအနှစ်များကို ဂျိုင်းကြားထဲမှာ သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

Source: Stylecraze.com