စိုးရိမ်တတ်တဲ့စိတ်က လူတိုင်းမှာရှိပါတယ်။ တချို့ကျတော့ အရမ်းစိုးရိမ်မှုလွန်နေတာမျိုး ဖြစ်နေတာပါ။ တစ်ခုခုဆိုရင် လိုတာထက်ပိုပြီး စိုးရိမ်တတ်တဲ့အခါမှာ ကိုယ့်စိတ်ပဲပင်ပန်းရပါတယ်။ ဒါကြောင့် စိုးရိမ်မှုလွန်ကဲနေတဲ့စိတ်ကို သက်သာရာရအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကြိုမတွေးပါနဲ့

ကြိုတွေးတာတွေ၊ အတွေးလွန်တာတွေကြောင့် စိတ်ဆင်းရဲရပါတယ်။ စိုးရိမ်မှုတွေ ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့အရာကို ကြိုတွေးပြီး စိုးရိမ်နေတာမျိုးမဖြစ်ပဲ ပျော်ပျော်နေပါ။ တကယ်တမ်းဖြစ်လာမှသာ စိတ်အေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ဒီလိုနည်းနဲ့ စိုးရိမ်မှုလွန်တတ်တဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။

တရားထိုင်၊ ယောဂကျင့်ပါ

စိုးရိမ်မှုလွန်ကဲနေတဲ့စိတ်ကို သက်သာရာရအောင်၊ စိတ်တည်ငြိမ်မှုရအောင် တရားထိုင်တာနဲ့ ယောဂကျင့်တာကိုလည်း လုပ်ပေးလို့ရပါသေးတယ်။ ဒါတွေက စိတ်တည်ငြိမ်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ စာဖတ်ပေးတာကလည်း စိတ်ကိုတည်ငြိမ်စေပါတယ်။ စိတ်တည်ငြိမ်အောင်လုပ်ပြီး စိုးရိမ်စိတ်တွေကို လျှော့ချလိုက်ပါ။ အားကစားလုပ်တာနဲ့ ရေကူးတာကလည်း စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

အစားများများစားပြီးအိပ်ရေးဝအောင်အိပ်ပါ

အစားများများစားပြီး အိပ်ရေးဝဝအိပ်ပေးခြင်းက စိုးရိမ်မှုလွန်ကဲနေတဲ့စိတ်ကို သက်သာရာရအောင် လုပ်ပေးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ စိတ်ထဲမှာစားချင်နေတဲ့ အရာမှန်သမျှကိုစားပြီး စိတ်ပျော်ရွှင်အောင်ထားပါ။ ဟာသကားတွေကြည့်ပါ။ ရယ်စရာတွေဖတ်ပါ။

အကောင်းဘက်ကလှည့်တွေးပါ

ဖြစ်လာသမျှအရာတိုင်းကို အဆိုးဘက်ကနေတွေးနေရင်တော့ ပုံမှန်ထက်ပိုပြီး စိတ်ဆင်းရဲရမယ်။ စိုးရိမ်ပူပန်မှုတွေ ပိုပြီးမြင့်တက်လာပါမယ်။ ဒါကြောင့် ဖြစ်လာသမျှကို စိတ်အေးအေးထားပြီး အကောင်းဘက်က လှည့်တွေးပါ။ အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်ကို အမြဲထည့်ထားပါ။ အဓိကက ကိုယ့်စိတ်ပါပဲ။ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ရင် စိုးရိမ်မှုလွန်ကဲနေတာတွေ လျော့ကျသွားပြီး စိတ်သက်သာရာ ရပါလိမ့်မယ်။