တချို့ကျတော့ ဆေးနဲ့ဆံပင်ကိုဖြောင့်တာထက် သဘာဝအတိုင်းလေးဖြောင့်တာမျိုးကို ပိုပြီးလိုချင်ကြပါတယ်။ ဒီလို သဘာဝအတိုင်း ဆံသားဖြောင့်ဖြောင့်ဆင်းဆင်းလေး ဖြစ်ချင်တဲ့သူတွေအတွက် Try ကြည့်သင့်တဲ့ နည်းလမ်းကောင်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် ဆံသားထိခိုက်မှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။

Almond Oil

Almond Oil မှာက Vitamin E နဲ့ Omega fatty acids တွေပါဝင်လို့ ဆံသားကျန်းမာစေပါတယ်။ Almond oil ကို ပုံမှန်လိမ်းပေးခြင်းက ဆံသားပျက်စီးတာ၊ ဖွာနေတာတွေကို သက်သာစေပြီး ဆံသားဖြောင့်ဆင်းစေပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်း လိမ်းပြီးခေါင်းဖြီးပေးပါ။

ငှက်ပျောသီးနဲ့ပျားရည်

ငှက်ပျောသီးတစ်လုံးကို အခွံ့ခွာပြီး ချေပေးပါ။ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းပါ ရောထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပြီး ၁ နာရီထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒါက ဆံပင်ပျော့ပြီး ဖြောင့်ဆင်းသွားစေမယ့် နည်းလမ်းပါပဲ။

နွားနို့

နွားနို့မှာက ပရိုတင်းဓာတ်တွေများစွာပါဝင်လို့ ဆံသားဖြောင့်ဆင်းပြီး ချောမွေ့စေပါတယ်။ ပျက်စီးနေတဲ့ဆံသားကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ နွားနို့ကို ဆံပင်အနှံ့လောင်းပေးပြီး ၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ပေးပါ။

သံလွင်ဆီနဲ့ကြက်ဥ

ကြက်ဥမှာက Vitamins, Nutrients နဲ့ Fatty Acids တွေပါလို့ ဆံသားကျန်းမာစေပါတယ်။ Olive Oil ဆိုလည်း ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့် ဒီနှစ်မျိုးနဲ့ ဆံပင်ပေါင်းတင်ပေးရင် ဆံသားဖြောင့်စင်းပြီး Healthy Hair ရစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ဥ ၂ လုံးနဲ့ သံလွင်ဆီတို့ကို ရောမွှေပြီး ဆံပင်အနှံ့သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော ခေါင်းလျှော်လို့ရပါပြီ။