ပေါင်မှာအဆီတွေများနေလို့၊ ပေါင်တုတ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ပေါင်မှာရှိတဲ့အဆီတွေ လျော့ကျသွားပြီး ပေါင်တံလေးသွယ်လာစေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ၄ ခုလုံးမလုပ်နိုင်ရင်တောင် ၂ ခုလောက်ကိုပဲ ပုံမှန်သေချာလုပ်ပေးမယ်ဆိုရင် အဆင်ပြေပါတယ်။

Body Stretches လုပ်ပေးပါ

အကြောဆန့်တာ Body Stretches လုပ်ပေးတာက ခြေသလုံးနဲ့ ပေါင်က အဆီတွေ လျော့ကျစေပြီး အသားကျစ်လစ်စေပါတယ်။ Body Stretches တွေကို တစ်နေ့ကို မိနစ် ၃၀ လောက်သာ ပုံမှန်လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် သိသာတဲ့ Result ကို ရရှိလာမှာပါ။

လမ်းလျှောက်ပါ

တစ်နေ့ကို တစ်နာရီကြာအောင် လမ်းလျှောက်ပေးမယ်ဆိုရင် ပေါင်မှာရှိတဲ့အဆီတွေ လျော့ကျစေပါတယ်။ မနက်ပိုင်းမှာ လျှောက်ဖို့အဆင်မပြေရင် ညနေပိုင်းလျှောက်လည်း ရပါတယ်။ ပုံမှန်လေး အလေ့အကျင့်တစ်ခုလို လုပ်ပေးမယ်ဆိုရင်တော့ ပေါင်ကအဆီတွေ လျော့ကျလာမှာပါ။

Jogging

Jogging လုပ်ပေးခြင်းက ပေါင်ကအဆီတွေလျော့ကျပြီး ခြေထောက် Muscles တွေ သန်မာစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ Jogging ကို အလေ့အကျင့်တစ်ခုလိုမျိုး နေ့စဉ် ပုံမှန်အချိန်ပေးပြီး လုပ်သွားမယ်ဆိုရင်တော့ ပေါင်ကအဆီတွေ လျော့ကျရုံတင်မဟုတ်ပဲ ဝိတ်ကိုပါထိန်းပေးပါတယ်။

ပုံမှန် Workout လုပ်ပါ

ပုံမှန် Workout လုပ်ပေးခြင်းက Cellulite တွေ လျော့ကျစေပြီး Body ပိုလှစေတယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ကိုယ်မလိုချင်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ Workout ကိုသာ ပုံမှန်လုပ်သွားမယ်ဆိုရင် ပေါင်အဆီကျချင်ရင်လည်း ၃ ပတ်လောက်နဲ့ ကျသွားစေပါတယ်။ ကိုယ်လုပ်ရင်လုပ်သလောက် သိသာတဲ့ Result တွေကို ရရှိမှာဖြစ်လို့ တစ်ပတ်မှာ ၅ ရက် (သို့) ၆ ရက်ကို Workout သေချာလုပ်ပေးပါ။