ခြေသည်းမှိုစွဲရင် တချို့ကတော့ ဆိုင်သွားလုပ်ပေမယ့် တချို့ကျတော့ အိမ်မှာ ညှပ်ထုတ်တာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။ ညှပ်လည်း ပြန်ဖြစ်တာဆိုတော့ သက်သာအောင် လုပ်သင့်ပါတယ်။ ခြေသည်းမှိုစွဲတာတွေ သက်သာစေဖို့အတွက် အိမ်မှာ အလွယ်တကူလုပ်လို့ရမယ့် အကောင်းဆုံးနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ အဓိကက စိတ်ရှည်ရှည်နဲ့ ပုံမှန် မပျက်မကွက်လုပ်ပေးဖို့ပါပဲ။

Tea tree oil

Tea tree oil က antifungal အတွက် အရမ်းကောင်းတဲ့ oil တစ်ခုပါ။ Tea tree oil သာရှိရင် မနက်တစ်ကြိမ် ညတစ်ကြိမ် ခြေထောက်ကို သေချာသန့်စင်၊ ရေခြောက်အောင် အဝတ်နဲ့သုတ်၊ ပြီးရင် tea tree oil ကို ဂွမ်းတံလေးနဲ့တို့ယူပြီး မှိုစွဲနေတဲ့နေရာကို လိမ်းပေးပါ။ ဖြေးဖြေးချင်းစီ သက်သာပြီး ပျောက်သွားပါလိမ့်မယ်။

ရှာလကာရည်

ဇလုံးတစ်လုံးထဲကို ရှာလကာရည် တစ်ဆနဲ့ ရေနွေး နှစ်ဆ ရောထည့်ပါ။ ပြီးရင် ခြေထောက်ထည့်စိမ်ထားပါ။ မိနစ် ၂၀ လောက်စိမ်ပေးရင် ရပါပြီ။ နေ့တိုင်းသာလုပ်ပေးပါ။ ခြေသည်းမှိုစွဲတာတွေ သက်သာသွားပါလိမ့်မယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး မှိုစွဲနေတဲ့နေရာပေါ် အုံထားလိုက်ပါ။ မိနစ် ၃၀ လောက်အုံထားပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးရပါမယ်။ ဒါမှ သက်သာပျောက်ကင်းသွားမှာပါ။

Oregano oil

Oregano oil ကို ဂွမ်းတံနဲ့တို့ယူပြီး ခြေသည်းမှိုစွဲနေတဲ့နေရာကို လိမ်းပေးပါ။ တချို့ကတော့ oregano oil ကို tea tree oil နဲ့ ရောပြီး လိမ်းပါတယ်။ တစ်နေ့နှစ်ကြိမ် ပုံမှန်လိမ်းပေးရပါမယ်။ မလိမ်းခင်မှာ အပေါ်က tea tree oil လိမ်းသလိုပဲ ခြေထောက်ကို အရင်သန့်စင်၊ ရေခြောက်အောင်သုတ်၊ ပြီးမှလိမ်းပါ။ ပုံမှန် နေ့တိုင်းလုပ်ပေးသွားရင် ခြေသည်းမှိုစွဲတာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။