မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုးရီးယားအနုပညာရှင်တွေရဲ့ မိတ်ကပ် Look တွေကို ကြည့်လိုက်ရင် တစ်နေ့တစ်မျိုးမရရအောင် အမြဲဆန်းသစ်ပြီး ခေတ်ရှေ့ပြေးနေတာကို သတိထားမိကြမှာပါနော်။ ဒီလိုမျိုး အနုပညာရှင်တွေ အလှဆုံးဖြစ်နေဖို့ကတော့ လိမ်းပေးတဲ့ မိတ်ကပ် Artist တွေရဲ့ အခန်းကဏ္ဍက အရေးအကြီးဆုံးပါပဲ။ သင်ကိုယ်တိုင်လည်း ကိုးရီးယား Idol တွေလို မိတ်ကပ်မျိုးရချင်ရင် ကိုးရီးယားမိတ်ကပ် Artist တွေ သုံးလေ့ရှိတဲ့ မိတ်ကပ်ပြင်ဆင်နည်းတွေအကြောင်းကို သိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ ကိုးရီးယားအနုပညာရှင်တွေရဲ့ မိတ်ကပ်ဆရာတွေဆီကနေ အတုယူနိုင်မယ့် မိတ်ကပ် Tips လေးတွေကို ဖော်ပြပေးသွားမှာပါ။

ကြည်ကြည်ပြောင်ပြောင် Dewy Skin လေးရဖို့ အသားပေးပြင်ဆင်တယ်


ကိုးရီးယား Makeup Artist တော်တော်များများက မျက်နှာလေးကို မိတ်ကပ်သိပ်မပါဘဲ သဘာဝဆန်ဆန်လေး Glow နေဖို့ကို ပိုပြီးအာရုံစိုက်ကြပါတယ်။ နာမည်ကြီး Magazine Cover Model တွေအတွက်ပြင်ဆင်ပေးရတဲ့ မိတ်ကပ် Artist တစ်ဦးက သူအနေနဲ့ အောက်ခံမိတ်ကပ်လိမ်းပြီးတဲ့အခါ Glow Skin လေးရအောင် Serum Spary ဖြန်းပေးတတ်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြန်းပေးတာက အသားအရေအစိုဓာတ်ပြန်ရသလို ပုံမှန်ထက် မျက်နှာကြည်ကြည်လေးဖြစ်အောင် ဖန်တီးပေးမှာပါ။

အရုပ်မလေးလို မျက်တောင်မျိုး ရအောင်ကော့တယ်


ဒါကတော့ နာမည်ကြီး BLACKPINK အဖွဲ့ဝင်တွေရဲ့ မိတ်ကပ် Artist ကိုယ်တိုင် ပြင်တဲ့အခါသုံးတတ်တဲ့နည်းပါ။ မျက်တောင်ကော့တံအပါးနဲ့ ဇာဂနာလိုအပ်ပြီး ပုံမှန်လို အလျားလိုက်မကော့ဘဲ ဒေါင်လိုက် တစ်ချောင်းချင်းကော့တဲ့ပုံစံလုပ်ပေးရမှာပါ။ ပြီးနောက် ဇာဂနာမှာ Mascara နည်းနည်းတို့ပြီး မျက်တောင်အလယ်နဲ့ဘေးဘက်တွေမှာ ဆိုးပေးရပါမယ်။ သဘာဝဆန်တဲ့ မျက်တောင်ရှည်ရှည်ကော့ကော့လေးပိုင်ဆိုင်နိုင်မှာပါ။

ကြာရှည်ခံတဲ့ ပါးနီ


ပါးနီဆိုးပြီးကြာရှည်ခံဖို့ ကိုးရီးယားနာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ PONY သုံးတဲ့နည်းလမ်းကတော့ Cream နဲ့ ပေါင်ဒါ ပါးနီနှစ်မျိုးကို နှစ်ထပ်ခံသုံးတာပါ။ မိတ်ကပ်ခံအောင် Setting Spray သုံးပေးတာနဲ့ ပုံစံတူပါတယ်။ Cream ကိုတစ်ထပ်အရင်လိမ်းပြီး အပေါ်က ပေါင်ဒါအမျိုးအစား ပါးနီတစ်ထပ် ထပ်လိမ်းပေးလိုက်ပါ။

မျက်ခုံးမွှေးမျှင်မျှင်လေးတွေ


မျက်ခုံးဆွဲတဲ့အခါ ကာလာကို ဆံပင်အရောင်ရင့်တဲ့သူတွေက ကိုယ့်ဆံပင်ထက်နှစ်ဆင့်ပိုလင်းတဲ့ အရောင်ရွေးသင့်ပြီး ဆံပင်အရောက်တောက်တဲ့သူတွေကတော့ နှစ်ဆင့်ပိုမှိန်တဲ့ ကာလာတွေသုံးသင့်တယ်လို့ Makeup Artist အချို့က အကြံပေးထားပါတယ်။ သဘာဝဆန်တဲ့ မျက်ခုံးမျှင်မျှင်လေးတွေက ကိုးရီးယား Cele တွေပြင်နေကျပုံစံမျိုးပါ။ Brow Gel လေးနဲ့ ဆွဲပေးနိုင်သလို Gel မရှိသူတွေက မျက်နှာရေစိုနေဆဲအချိန်မှာ လက်ချောင်း (သို့မဟုတ်) မျက်ခုံးဖြီးတံလေးနဲ့ လိုချင်တဲ့လမ်းကြောင်းကို ဆွဲပြီး အခြောက်ခံတဲ့နည်းကို သုံးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar