ကြက်ဆူဆီက အလှအပအတွက် တော်တော်အသုံးဝင်တဲ့အရာပါ။ ကြက်ဆူဆီနဲ့ဖြေရှင်းလို့ရတဲ့ အလှအပဆိုင်ရာပြဿနာတွေထဲကမှ လူတိုင်းအတွက် အသုံးဝင်စေမယ့်အရာတွေကို ရွေးပြီး မျှဝေပေးလိုက်ပါတယ်။

ဝက်ခြံ

မျက်နှာမှာ ဝက်ခြံထွက်နေရင် ကြက်ဆူဆီကို လက်နဲ့တို့ယူပြီး ဝက်ခြံထွက်တဲ့နေရာမှာ စက်ဝိုင်းပုံလေးပွတ်ပြီး လိမ်းထားပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေနွေးနဲ့မျက်နှာသစ်လိုက်ပါ။ ဒါဆိုရင်တော့ ဝက်ခြံမြန်မြန်ပျောက်စေပါတယ်။

ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း

ဆံပင်တွေဖြူပြီး ဆံပင်ကျွတ်တာတွေ သက်သာစေဖို့ ခေါင်းမလျှော်ခင်မှာ ကြက်ဆူဆီကို ဆံသားမှာ လိမ်းပြီး အချိန်ကြာကြာထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူတာလည်း သက်သာလာမယ်။ ဆံပင်ကျွတ်တာလည်း သက်သာလာပါမယ်။

မျက်တောင်ရှည်ခြင်း

မျက်တောင်လေးတွေ ရှည်ချင်တဲ့သူများအတွက်ကတော့ ကြက်ဆူဆီကို မျက်တောင်ကော့တဲ့အတံလေးနဲ့ယူပြီး ညတိုင်း မျက်တောင်မှာသုတ်၊ ကော့ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ဖြေးဖြေးချင်းစီ၊ နည်းနည်းချင်းစီ မျက်တောင်ရှည်လာပါလိမ့်မယ်။

ခြေဖနောင့်အက်ကွဲခြင်း

ခြေဖနောင့်အက်ကွဲတတ်တဲ့သူတွေကတော့ ဇလုံအသေးလေးထဲကို ရေနွေးထည့်ပြီး ကြက်ဆူဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပါ။ ပြီးမှ ၁၅ မိနစ်လောက် ခြေဖနောင့်ကို စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ခြေဖနောင့်အက်ကွဲတာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source: www. brightside.me