Relationship တစ်ခုမှာ ယုံကြည်မှုက အရမ်းကိုအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင်၊ တစ်ယောက်ကယုံပေမယ့် တစ်ယောက်က ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုဆိုတာမျိုးမရှိရင် ရေရှည်မှာ လုံးဝအဆင်မပြေပါဘူး။ ယုံကြည်မှုတွေမရှိတဲ့ Relationship တစ်ခုမှာ ဒီလိုဆိုးရွားတဲ့အရာ ၄ ခုကို သေချာပေါက်ကြုံတွေ့ရနိုင်ပါတယ်။

Overthinking တွေဖြစ်လာခြင်း

ယုံကြည်မှုမရှိတဲ့သူက ပိုပြီးစိတ်ပင်ပန်းရပါတယ်။ တစ်ခုခုဆို ယုံကြည်မှုမရှိတော့ တစ်ဖက်လူက ဘာမှမလုပ်ရင်တောင် မဟုတ်တာလုပ်နေတယ်ပဲထင်နေပြီး သံသယတွေနဲ့ အရမ်းစိတ်ညစ်ရပါတယ်။ ကြာလာရင် ကိုယ့်အတွေးနဲ့ကိုယ် Overthinking တွေဖြစ်လာပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

ပြဿနာတွေများလာခြင်း

မယုံကြည်တော့ တစ်ဖက်လူကို စွပ်စွဲပြောဆိုတာတွေ၊ ပြဿနာရှာတာတွေ ဖြစ်လာပါမယ်။ ကိုယ့်စိတ်ကိုမထိန်းနိုင်တဲ့သူတွေဆိုရင် စိတ်ရှိတိုင်းလျှောက်လုပ်ပစ်လို့ ပြဿနာတွေအများကြီး ဖြစ်လာတာမျိုး၊ ကြည်နူးရတဲ့အချိန်ထက် ဒီပြဿနာတွေကိုပဲ ဖြေရှင်းနေရတာနဲ့ ကြာလာရင် တစ်ဖက်လူက စိတ်ကုန်သွားနိုင်ပါတယ်။

ခဏခဏရန်ဖြစ်စကားများရခြင်း

ကိုယ်က သူများကိုမယုံကြည်တော့ စွပ်စွဲပြောဆိုမယ်၊ ပြဿနာရှာမယ်၊ ဒီလိုနဲ့ပဲ ခဏခဏ ရန်ဖြစ်စကားများကြရပါလိမ့်မယ်။ ရန်ဖြစ်စကားများပြီး စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့က ပြဿနာသိပ်မရှိပေမယ့် ဖြစ်ရတဲ့အကြောင်းအရင်းက တခြားမဟုတ်ပဲ တစ်ချိန်လုံး ဒီမယုံကြည်တဲ့ပြဿနာကြောင့်ပဲ၊ စွပ်စွဲပြောဆိုနေတာတွေကြောင့်ပဲ ရန်ဖြစ်စကားများနေရတာဆိုရင်တော့ အရမ်းစိတ်ပျက်စရာကောင်းတဲ့ Toxic Relationship ဖြစ်နေပါပြီ။

လမ်းခွဲရခြင်း

အပေါ်ကအချက်တွေဖြစ်လာပြီးရင် ကြာလာတဲ့အခါမှာတော့ လမ်းခွဲရခြင်းနဲ့ ကြုံတွေ့ရဖို့များပါတယ်။ ဒီလိုအမြဲတမ်း ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုမရှိရင်၊ အမြဲတမ်းစွပ်စွဲပြောဆိုနေရင် တစ်ဖက်လူရဲ့ သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးသွားတဲ့အခါမှာ သူ့ဘက်ကနေပဲ သင့်ကိုလမ်းခွဲစကား စပြောလာပါလိမ့်မယ်။