ဆံပင်ပျက်စီးတာမျိုးမရှိပဲ ဆံပင်တွေကျွတ်နေပြီဆိုရင် ကိုယ့်ရဲ့ lifestyle က တစ်ခုခုမှားယွင်းနေလို့ပါပဲ။ ဒါကြောင့် ဆံပင်တွေပိုပြီးကျွတ်လာအောင် လုပ်မိနေတဲ့ သင့်ရဲ့မကောင်းတဲ့ အလေ့အကျင့် ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

Stress တွေများနေခြင်း

ဆံပင်ပျက်စီးတာမျိုးလည်းမရှိပဲနဲ့ ဆံပင်တွေအရမ်းကျွတ်နေတယ်ဆိုရင်တော့ stress တွေများနေလားဆိုတာကို ပြန်စဉ်းစားပါ။ Stress တွေများနေရင်လည်း ဆံပင်သိသိသာသာ ကျွတ်စေပါတယ်။ ဒါကြောင့် stress တွေလျော့ကျအောင် ကိုယ့် lifestyle ကို ပြောင်းလဲပြီး relax ဖြစ်အောင် ကြိုးစားကြည့်ပါ။ တရားထိုင်ကြည့်ပါ။

အစားသောက်ကို Healthy ဖြစ်အောင်မစားခြင်း

ဆံပင်ကျွတ်တာက အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။ အစားအသောက်ကို healthy ဖြစ်အောင်မစားရင်၊ ဥပမာ – ခေါက်ဆွဲတွေ ခဏခဏစားတာမျိုး၊ အသင့်စား အစားအသောက်တွေ အလွယ်စားတာမျိုးကြောင့်လည်း ဆံပင်ကျွတ်ပါတယ်။ Lifestyle ကို ပြောင်းလဲမယ်ဆိုရင် အစားအသောက်ကိုပါ သေချာဂရုစိုက်ဖို့လိုပါတယ်။

ဦးရေပြားကိုဂရုမစိုက်ခြင်း

ဆံသားကိုပဲဂရုစိုက်နေလို့မရပါဘူး။ ဦးရေပြားကျန်းမာအောင်လည်း scalp care လုပ်ပေးဖို့လိုပါတယ်။ Detox လုပ်ပေးတာမျိုး၊ exfoliate လုပ်ပေးတာမျိုးကို ပုံမှန်လုပ်ပေးပါ။ နေပူထဲသွားရင် ဦးထုပ် (သို့) ထီးဆောင်းသွားပါ။ သွေးလည်ပတ်မှုကောင်းအောင် ဦးရေပြားကို massage လုပ်နှိပ်နယ်ပေးပါ။ ခေါင်းကို ပုံမှန်လျှော်ပါ။

ဆံပင်ကိုအမြဲစည်းထားခြင်း

ဆံပင်ကို အမြဲစည်းထားတဲ့ အလေ့အကျင့်ကိုလည်း ပြင်ဖို့လိုပါတယ်။ ဆံပင်အမြဲစည်းထားရင် ဆံသားနဲ့ ဦးရေပြားနာပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ပြတ်ထွက်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်ကို အမြဲစည်းထားတာမျိုး၊ ပုံစံတစ်မျိုးထဲ အမြဲစည်းထားတာ၊ ထုံးထားတာမျိုးတွေ မလုပ်ပါနဲ့။ စည်းရင်လည်း အရမ်းတင်းကျပ်နေအောင် မစည်းပါနဲ့။