ညဘက်တွေမှာ ကလေးတစ်ယောက်လို အပူပင်မရှိပဲ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်ချင်တယ်ဆိုရင်တော့ အိပ်ယာမဝင်ခင်မှာ ဒီလေ့ကျင့်ခန်း ၄ ခုကို အမြဲလုပ်ပြီးမှအိပ်ပါ။ စစချင်းမှာတော့ ချက်ချင်းကြီး အကျိုးထူးလာမှာ မဟုတ်ပေမယ့်လည်း တစ်ဖြေးဖြေးနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်လာပါလိမ့်မယ်။ လုပ်ရမယ့်လေ့ကျင့်ခန်းက ၄ ခုထဲဖြစ်တဲ့အပြင် လုပ်ရတာလည်း အရမ်းလွယ်ကူလွန်းတယ်။ ပြီးတော့ အိပ်ယာပေါ်မှာ လှဲပြီးလုပ်ရုံပဲဆိုတော့ အရမ်းအဆင်ပြေတာပေါ့။

နံပါတ် ၁ ပုံမှာပြထားတဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ကို ရှူသွင်းရှူထုတ် သေချာလုပ်ပေးပါ။ ၁ မိနစ်ပြည့်အောင် လုပ်ပေးရပါမယ်။

နံပါတ် ၂ ပုံမှာပြထားတဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ ခြေထောက်နှစ်ချောင်းလုံး နံရံမှာကပ်ထောင်ထားပါ။ လက်နှစ်ဖက်ကိုလည်း ပုံထဲကအတိုင်း ကားထားပေးပါ။ အဲ့အတိုင်းနေပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူပါ။ ၂ မိနစ်လုပ်ပေးရပါမယ်။

Step 1 ပုံမှာပြထားတဲ့အတိုင်း ခါးအောက်နဲ့ ဂုတ်အောက်မှာ တစ်ခုခုခံပြီး မျက်စိမှိတ်ကာ လှဲနေပေးပါ။ ခြေထောက်နှစ်ချောင်းကလည်း နည်းနည်းကားပြီး ပုံမှာပြထားတဲ့အတိုင်း စောင်ပေါ်တင်ထားပေးပါ။ အဲ့ပုံစံအတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ်လုပ်ကာ ၁ မိနစ်နေပေးပါ။

Step 2 ပုံမှာပြထားတဲ့အတိုင်း ခေါင်းထိပ်က ခေါင်းအုံးမှာကပ်ပြီး ခြေထောက်နှစ်ချောင်းကလည်း စောင်ကိုကန်ထားသလိုမျိုး ကပ်နေရပါမယ်။ အဲ့လိုပုံမှာပြထားတဲ့အတိုင်း ၁ မိနစ် မျက်စိမှတ်ကာ မှောက်လျက်နေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးရပါမယ်။

နောက်ဆုံး နံပါတ် ၄ လေ့ကျင့်ခန်းမှာတော့ ပုံမှာပြထားတဲ့အတိုင်း မျက်စိမှိတ်ကာ ပတ်လက်အနေအထားနဲ့ လက်နှစ်ဖက်ကို ကားထားပါ။ ခြေထောက်နှစ်ချောင်းလုံးလည်း ကားပြီး စောင်ပေါ်တင်ထားပါ။ အဲ့အတိုင်း အသက်ကို ရှူသွင်းရှူထုတ်ပုံမှန်လုပ်ပြီး ၁ မိနစ်နေပေးပါ။

ဒီလေ့ကျင့်ခန်း ၄ ခုလုံးလုပ်ပြီးရင်တော့ ဖုန်းလည်းမကြည့်ပါနဲ့တော့။ ဘာမှမလုပ်ပဲ၊ ဘာမှလည်းမစဉ်းစားတော့ပဲနဲ့ တန်းအိပ်လိုက်ပါ။

Source: www.brightside.me