လက်သည်းနီအမြဲဆိုးတဲ့ပျိုမေတို့အတွက် သိထားသင့်တဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းနီဆိုးတဲ့သူတွေအတွက်တော့ အရမ်းကိုအသုံးဝင်စေမယ့် နည်းလမ်းတွေ ဖြစ်မှာသေချာပါတယ်။

အရမ်းအရောင်တောက်တဲ့လက်သည်းနီတွေကိုဆိုးပြီး ပြန်ဖျက်တဲ့အခါမှာ လက်တွေမှာပါပြန့်ပြီး ပေကုန်တာမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အရင်ဆုံး လက်နှစ်ဖက်လုံးမှာ အုန်းဆီသုတ်လိမ်းလိုက်ပါ။ ပြီးမှ လက်သည်းဖျက်ဆေးနဲ့ ဖျက်မယ်ဆိုရင်တော့ လက်သည်းနီတွေပေကျံကုန်မှာ မဟုတ်ပါဘူး။

ကိုယ်တိုင်လက်သည်းနီဆိုးရင် လက်သည်းအောက်နားတွေပါ ချော်ပြီးပေကုန်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် လက်သည်းအောက်နားမှာ တိတ်နဲ့ကပ်ထားပြီးမှ ဆိုးမယ်ဆိုရင်တော့ လက်သည်းနီတွေ ပေမှာမဟုတ်ပါဘူး။

Glitter လက်သည်းနီတွေကို ဒီတိုင်းဆိုးလိုက်မယ်ဆိုရင် ပြတ်ဖျက်တဲ့အခါမှာ ဖျက်ရခက်ပါတယ်။ ဒါကြောင့် မဆိုးခင်မှာ လက်သည်းနီဆိုးတဲ့အခါမှာသုံးကြတဲ့ Glue ကို Brush အပြားလေးနဲ့ယူပြီး လက်သည်းမှာ အရင်ဆိုးလိုက်ပါ။ ပြီးမှ ကိုယ်ဆိုးချင်တဲ့ Glitter လက်သည်းနီကိုဆိုးပါ။ ဒါဆိုရင် ပြန်ဖျက်တဲ့အခါမှာလည်း လက်သည်းဖျက်ဆေးကို သုံးစရာမလိုပါဘူး။ ဇာကနာနဲ့ အဖတ်လိုက်လေး ဆွဲခွာလိုက်ရုံပါပဲ။

လက်သည်းနီတွေဆိုးတာများပြီး လက်သည်းကခြောက်ခြောက်ကြီးဖြစ်နေတယ်၊ မလှတော့ဘူး၊ လက်သည်းကို အကြည်လေးဆိုးထားသလို ပြောင်ပြောင်လေးဖြစ်နေချင်တယ်ဆိုရင်တော့ ဖယောင်းကို အရည်ပျော်အောင် Microwave ထဲထည့်ပြီး အပူပေးလိုက်ပါ။ ဖယောင်းအရည်ပျော်သွားပြီဆိုရင် အပြင်မှာ ခဏအအေးခံထားပါ။ အေးပြီဆိုရင် လက်ချောင်းထိပ်တွေကို စိမ်လိုက်ပါ။ ဖယောင်းတွေကပ်သွားပြီဆိုရင် ရေခဲရေနဲ့ ခဏထပ်စိမ်ပါ။ ပြီးမှ ဖယောင်းကိုဆွဲခွာလိုက်ပါ။ တစ်ပတ်မှာ ဒီအတိုင်း ၂ ကြိမ်လုပ်ပေးမယ်ဆိုရင်တော့ လက်သည်းလေးတွေက အကြည်ဆိုးထားသလိုပဲ ပြောင်ပြောင်လေးဖြစ်သွားမှာပါ။

Source: www.5minutecraftsgirly