ဗိုက်ချပ်ချင်တဲ့သူတွေ၊ ဝမ်းဗိုက်အနေအထား ပြောင်းလဲပြီး Belly တွေပါထွက်လာတာမျိုး လိုချင်တဲ့သူတွေအတွက် တစ်နေ့ကို 10 မိနစ်အချိန်ပေးရုံနဲ့ ဝမ်းဗိုက်အဆီကျပြီး ပြောင်းလဲသွားစေမယ့် Abs Workout 4 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Workout က 4 မျိုးထဲဖြစ်တဲ့အပြင် အချိန်ကလည်း 10 မိနစ်ပဲဆိုတော့ ဗိုက်ချပ်ချင်ရင် လုပ်ကိုလုပ်သင့်ပါတယ်။ ဒီ Workout တွေလုပ်ဖို့အတွက် Yoga ဖျာလိုပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ တစ်မျိုးကို 45 စက္ကန့်လုပ်ပြီး 15 စက္ကန့်နားရပါမယ်။ ပြီးရင်နောက်တစ်မျိုး ဆက်လုပ်ပါမယ်။ ဒီတော့ Workout တစ်မျိုးကို 1 မိနစ်အချိန်ပေးရမှာဖြစ်ပြီး Workout 4 မျိုးဆိုတော့ 4 မိနစ်ကြာပါမယ်။ Workout 4 မျိုးလုံးပြီးသွားရင် 1 မိနစ် အနားယူပါ။ ပြီးရင် နောက်တစ်ကြော့ ထပ်လုပ်ပါမယ်။ အားလုံးပြီးရင် 1 မိနစ်အနားယူပြီး ကိုယ်လုပ်ချင်တာ လုပ်နိုင်ပါပြီ။ ဒါဆိုရင်တော့ Total 10 မိနစ် ဖြစ်သွားမှာပါ။

V-Up

ပုံမှာလုပ်ပြထားသလို ကြမ်းမှာလှဲပြီး ဒုတိယပုံထဲကလို ခြေထောက်ကိုမြှောက်၊ လက်ကိုဆန့်ပြီး ထရမှာပါ။ ပြီးတာနဲ့ ချက်ချင်းပြန်လှဲပါ။ အဲ့အတိုင်း အနေအထား 2 မျိုးကို ဆက်တိုက် မြန်မြန်လုပ်ရပါမယ်။ 45 စက္ကန့်အတွင်း အကြိမ်ရေများများရအောင် လုပ်ပေးပါ။ 45 စက္ကန့်ပြည့်ရင် 15 စက္ကန့်နားပါမယ်။

Reverse Crunch

ပုံမှာလုပ်ပြထားတဲ့ အနေအထား 2 မျိုးကိုလည်း ဆက်တိုက်မြန်မြန်သွက်သွက်လေး လုပ်ပေးပါ။ 45 စက္ကန့်အတွင်းမှာ အကြိမ်ရေများများရအောင်လုပ်ပါ။ ဝမ်းဗိုက်မှာအားထည့်ပြီး လုပ်ပေးပါ။ 45 စက္ကန့်ပြည့်ရင် 15 မိနစ်နားပါ။

Around The World

လက်နှစ်ဖက်ကိုကြမ်းနဲ့ကပ်ထားပြီး ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း မြှောက်ထားပါ။ ပြီးရင်အဲ့လိုမြှောက်ထားတဲ့အနေနဲ့ စက်ဝိုင်းပုံစံ ခြေထောက်ကို လှည့်ရမှာပါ။ ညာဘက်ကနေ ဘယ်ဘက်ကို လှည့်သွားပါ။ 45 စက္ကန့် အဲ့အတိုင်းလှည့်နေပါ။ အချိန်ပြည့်ရင် 15 စက္ကန့်နားပါ။

Plank-Up

ပုံမှာလုပ်ပြထားတဲ့ အဆင့် 3 ဆင့်အတိုင်း Plank ထောက်ရမှာဖြစ်ပါတယ်။ အဲ့အတိုင်း ဆက်တိုက်လုပ်ပေးသွားပါ။ 45 စက္ကန့်အတွင်းမှာ အကြိမ်ရေများများရအောင် သွက်သွက်လေး လုပ်ပေးပါ။ ဒါကတော့ နောက်ဆုံး Workout ဖြစ်တဲ့အတွက် နောက်တစ်ကြော့ထပ်လုပ်ဖို့ 1 မိနစ်လောက် အနားယူနိုင်ပါတယ်။