အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်ဖြောင့်စက်လေးလည်းသုံးချင်တယ် ဆံသားပျက်စီးမှာလည်း ကြောက်တယ်ဆိုတဲ့သူလေးတွေအတွက် ပျက်စီးမှုအနည်းဆုံးဖြစ်စေမယ့် ဆံပင်ဖြောင့်တဲ့နည်းလေးကို ပြောပြပေးချင်ပါတယ်နော်။ ဆံပင်ပျက်စီးမှာကြောက်လို့ ဆံပင်မဖြောင့်ရဲတဲ့သူလေးတွေအတွက်တော့ လုံးဝကွက်တိပါပဲ့…
ဆီနဲ့ပေါင်းတင်ပေးပါ
သံလွင်ဆီ၊ အုန်းဆီ စတဲ့သဘာဝ အဆီကို အပူပေးပြီး ဆံပင်ကို မိနစ် ၄၀ လောက်ပေါင်းတင်ပေးပါ။ ပြီးရင် ဦးရေပြားကိုနှိပ်နယ်ပေးပြီး ခေါင်းလျှော် ပေါင်းတင်ပေးလိုက်ပါ။
ဖြောင့်စက်မသုံးခင်
ဖြောင့်စက်မသုံးမီ ဆံပင်ကို ပျက်စီးမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ခေါင်းလိမ်းဆီ လိမ်းပေးနိုင်ပါတယ်။ ပြီးမှဖြောင့်စက်သုံးပါ။
အပူချိန်လျှော့ပေးပါ
ဆံပင်ဖြောင့်စက်ကို အပူချိန် လျှော့ပေးပါ။ အရမ်းပူတဲ့ အရှိန်နဲ့ ဆံပင်ကို ဖြောင့်စက်ဆွဲပေမယ်ဆိုရင် ဆံပင်က ပိုပြီးပျက်စီးစေမှာဖြစ်ပါတယ်။
ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးလိမ်းပေးဖို့ မမေ့ပါနဲ့
ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေးသုံးပေးနိုင်ပါတယ်။ ဆံကေသာကိုနူးညံ့ ပျော့ပျောင်းပြီး ပျက်စီးမှုကနေ ကာကွယ်ပေးမှာပါ။
Source: stylecraze.com