ဖောင်းဖောင်းလေးနဲ့ ပုံဖော်ထားတဲ့ လက်သည်းနီ ပုံစံလေးတွေက အသည်းယားဖို့ ကောင်းတဲ့အပြင် စိတ်ကူးကောင်းရင် ကောင်းသလို ပုံစံလှလှလေး ပိုင်ဆိုင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အောက်ခံ အကြည်ကိုမှ အပေါ်က အပွင့်လှလှလေးတွေ၊ ပုံစံ လှလှလေးတွေနဲ့ ပုံဖော်ထားတဲ့ လက်သည်းနီ ဒီဇိုင်းတွေကို ဖော်ပြပါရစေ။ ဒီ ဒီဇိုင်းတွေက လှလွန်းတာကြောင့် မပျက်စေချင်တဲ့အထိပါပဲ။ ဖော်ပြပါ လက်သည်းနီ ဒီဇိုင်းတွေက လူငယ်မိန်းကလေးတွေနဲ့ အထူးလိုက်ဖက်ပါလိမ့်မယ်။

၁။ ပန်းပွင့်နဲ့ ဝက်ဝံရုပ်လေးတွေ

သဘာဝနဲ့ ချစ်ဖို့ကောင်းမှုကို ဦးတည်ထားတဲ့ ပန်းပွင့်လေးတွေနဲ့ ဝက်ဝံဒီဇိုင်းလေးတွေက Spring Vibe ကို အပြည့်ပေးနေပါတယ်။

၂။ ပန်းပွင့်လေးတွေ

သင်က ပန်းချစ်သူဆိုရင်တော့ ဒီ လက်သည်းနီ ဒီဇိုင်းလေးကို မြင်တာနဲ့ နှစ်သက်မိမှာ မလွဲမသွေပါပဲ။

၃။ ရိုးရိုးရှင်းရှင်းလေးနဲ့ လှတဲ့ ဒီဇိုင်း

သာမန်နဲ့မတူဘဲ ဆန်းသစ်ထားမှန်း သိသာစေတဲ့ လက်သည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။

၄။ Optimistic ဘက်ကို ဦးတည်စေမယ့် လက်သည်းဒီဇိုင်းလေး

ကြည့်လိုက်တာနဲ့ အကောင်းမြင်စိတ်တွေ တိုးလာစေမယ့်၊ သင့်ကို ပျော်ရွှင်စေမယ့် လက်သည်းနီ ပုံစံ ဖြစ်ပါတယ်။

၅။ အနက်ရောင် လက်သည်း

သင်က အနက်ရောင်ကို သဘောကျရင် ဒီ 3D Nail စတိုင်လေးကို နှစ်သက်မှာ မလွဲမသွေပါပဲ။

၆။ ပန်းပွင့်နဲ့ အပြုံးလေးတွေ

ပန်းပွင့်လေးတွေထဲ အပြုံးလေး ပေါ်နေတဲ့ ဒီဇီုင်းလေးက ချစ်ဖို့ကောင်းပါတယ်။

၇။ ကောင်းကင်ပြာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အရုပ်လေး

ကလေးဆန်တဲ့ မိန်းကလေးတွေ နှစ်သက်မယ့် လက်သည်းနီ ဒီဇိုင်းဖြစ်ပါတယ်။

၈။ အရောင်ငြိမ်ငြိမ်လေးနဲ့

အရောင်တွေ သိပ်မများဘဲနဲ့ကို လှနေတဲ့ 3D Nail Design ဖြစ်ပါတယ်။

၉။ အရောင်စုံ

သင်က အရောင်လေးတွေ ရောစပ်ရတာ နှစ်သက်တယ်ဆိုရင် ဒီ ဒီဇိုင်းလေးက သင်နဲ့ အလှဆုံး ဖြစ်ပါလိမ့်မယ်။

၁၀။ Bling Bling လေး

Glitter မပါဘဲနဲ့ကို အဖြူရောင်နဲ့ Bling Bling လက်သည်းဒီဇိုင်းလေး ဖန်တီးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar